Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် PDFစခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် စစ်​ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဟုဆို

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်​ရေးတပ် (PDF)စခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သားများအား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်၊ ရှမ်းတဲရွာအနီးရှိ ယမ်းဘီလူးအဖွဲ့၏ စခန်းဟောင်းအား မီးရှို့ဖျက်ဆီးရာ PDFက တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် နှောယင်းရွာဦးအလွန်တွင် မြို့နယ်(ပကဖ) အဖွဲ့များနှင့် စစ်​ကောင်စီတပ်တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားရခဲ့ပြီး စစ်​ကောင်စီတပ်ဘက်က ထိခိုက်မှူအခြေအနေ မသိရသေးကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

ထို့နောက် စစ်​ကောင်စီတပ်သည် မြို့သစ်ချောင်း၊ ရွာစီကုန်းရွာဘက်များသို့ စစ်ကြောင်းနင်းရာ ပြည်သူအချို့ အားသတ်ဖြတ်၍အချို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဘုတလင် local PDF အဖွဲ့များက အသွားအပြန် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ယအဝေးပစ်များဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများနိုင်သည်ဟု ယမ်းဘီလူးအဖွဲ့က ခန့်မှန်းသည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်ကောင်စီတပ်သည် စစ်ကြောင်းအပြန်တွင်လည်း ယမ်းဘီလူးထုတ်လုပ်ရေးစခန်းအား မီးရှို့ဖျက်ဆီးရာ စစ်​ကောင်စီတပ်ဘက်က ကျဆုံးမှုရှိသည်ဟု ဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ယမ်းဘီလူးပြောက် ကျားအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။