Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာအစည်းအဝေးအပါအဝင် လှုပ်ရှားဆောင်ရွက်မှုအားလုံးမှ မြန်မာစစ်တပ်ကို ချက်ချင်းဖယ်ရှားရန် JFM တောင်းဆို

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ရုရှားစစ်တပ်မှ အရာရှိအချို့ ။ ဓါတ်ပုံ-JFM)
(အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ရုရှားစစ်တပ်မှ အရာရှိအချို့ ။ ဓါတ်ပုံ-JFM)

အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုနေရာမှ ဖယ်ရှားရန် Justice for Myanmar က ထပ်လောင်းတောင်းဆိုသည်။

ဇူလိုင် ၂၀ နှင့် ၂၁ ရက်များတွင် မော်စကို၌ ကျင်းပမည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးဆိုင် ရာအစည်းအဝေး အပါအဝင် အခြားအစည်းအဝေးများနှင့် လှုပ်ရှားဆောင်ရွက်မှု အားလုံးမှ မြန်မာ စစ်တပ်ကို ချက်ချင်းဖယ်ရှားရန် JFM က တောင်းဆိုခြင်းဖြစ်သည်။

“ရေတပ်အပါအဝင် အကြမ်းဖက်စစ်အုပ်စုဆီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကို အကြမ်းဖက်မြန်မာစစ်ကောင်စီက ရုရှားနှင့်အတူ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားပြီး အဆိုပါ အစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ နုတ်ထွက်ထားပြီးဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျန်မိတ်ဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အမေရိကန်တို့အနေဖြင့် ဩစတြေးလျ၊ နယူးဇီလန်တို့၏ ဦးဆောင်မှုနောက်ကိုလိုက်ပြီး အစည်းအဝေးမှ နှုတ်ထွက်ရမည့် အချိန်ဖြစ်ကြောင်း JFM က တိုက်တွန်းသည်။

“လူသတ်အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှု ပေးအပ်တာ၊ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွက် နေရာတစ်ခုနဲ့ အခွင့်အရေးတွေ ပေးအပ်တာက နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ဖို့ အကြမ်းဖက်စစ်တပ်ကို ရဲတင်းလာစေခဲ့ပြီး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံကို ကြံရာပါ ဖြစ်စေပါတယ်” ဟု JFM က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တောင်းဆို