Connect with us

Hi, what are you looking for?

သတင်း

စစ်သား ၅ဦး​သေ​ခဲ့သော ဗန်း​မောက်မြို့နယ်တိုက်ပွဲတွင်ဖမ်းဆီးရမိ​သောစစ်သား ၅ ဦးဓါတ်ပုံကိုထုတ်ပြန်

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(KIAနှင့် PDF ပူး​ပေါင်းတပ်ကဖမ်းဆီးရမိထား​သောစစ်သုံပန်း ၅ ဦး ။ဓါတ်ပုံ- BR)
(KIAနှင့် PDF ပူး​ပေါင်းတပ်ကဖမ်းဆီးရမိထား​သောစစ်သုံပန်း ၅ ဦး ။ဓါတ်ပုံ- BR)

ဗန်း​မောက်မြို့နယ်တွင် ဇွန်လကုန်ပိုင်းကစစ်​ကောင်စီတပ်နှင့် KIA၊ PDF ပူး​ပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်မှ ၅ ဦး​သေဆုံးခဲ့ပြီး ၅ ဦးအရှင်ဖမ်းမိကာ ဖမ်းဆီးရမိ​သောစစ်သား ၅ ဦး၏ဓါတ်ပုံကို​ဗန်း​မောက်​တော်လှန်​ရေးအင်အားစုက ထုတ်ပြန်လိုက်သည်။

ဇွန် ၂၈ ညပိုင်းနှင့် ဇွန် ၂၉ မနက်ပိုင်းတွင် စီးမော် – သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များအား ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA၊PDF ကသာတပ်ရင်း ၂ (ဗန်းမောက် PDF+အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး​သေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့​ကြောင်းထုတ်ပြန်ထားသည်။ KIA ၊PDF ပူး​ပေါင်းတပ်များဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဟု​သိရသည်။

ဗန်း​မောက်မြို့နယ်အတွင်းဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်မှ ရှမ်းနီတပ်ဖွဲ့ (SNA)ပါဝသ်တိုက်ခိုက်​ပေး​​​သောတိုက်ပွဲများလည်းရှိ​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။