Connect with us

Hi, what are you looking for?

News

ကိုယ့်ရဲ့ပြည်သူလူထုကို ကာကွယ်ဖို့ ကြိုးပမ်းအားထုတ်​နေတဲ့ မြန်မာလူငယ်​တွေကို ဂုဏ်ပြုပါတယ်လို့ ဒိန်းမတ်သံရုံး ထုတ်ပြန်

“မြန်မာနိုင်ငံကို ကိုဗစ်၁၉တတိယလှိုင်း ရိုက် ခတ်တဲ့အချိန်မှာလည်း လူငယ်တွေဟာ တဖန် ဦးဆောင်မှု ယူခဲ့ကြပါတယ်။ လူငယ်အများစုဟာ ကိုယ်ကျိုး မဖက်ပဲ ဖျားနာနေသူတွေ၊ လိုအပ်ချက်ရှိသူတွေကို ရှေ့တန်းကနေ ကူညီပေးကြပါတယ်”လို့ ထပ်မံ​ဖော်ပြထားပါတယ်။

အခက်အခဲအကျပ်အတည်းကာလမှာ သူတို့ရဲ့ ရပ်ရွာလူထုကို ကူညီကာကွယ်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိတဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ဂုဏ်ပြုလိုက်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ကျ​ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံက လူငယ် ငါးသန်း နီးပါးဟာ သူတို့ရဲ့ အခွင့်အရေးကို ကျင့်သုံးပြီး ပထမဆုံးအကြိမ် မဲပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီ အခွင့် အရေးကို ကျေနပ်စွာ ကျင့်သုံးခဲ့ကြတဲ့ ဒီလူငယ်တွေဟာ သူတို့ ပေးခဲ့တဲ့ မဲတွေကို လျစ်လျူရှု ခံရတဲ့အခါ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ ကြရပါတယ်။ ဒါကြောင့် လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ပြန်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ဖို့ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် “မြန်မာနိုင်ငံကို ကိုဗစ်၁၉တတိယလှိုင်း ရိုက် ခတ်တဲ့အချိန်မှာလည်း လူငယ်တွေဟာ တဖန် ဦးဆောင်မှု ယူခဲ့ကြပါတယ်။ လူငယ်အများစုဟာ ကိုယ်ကျိုး မဖက်ပဲ ဖျားနာနေသူတွေ၊ လိုအပ်ချက်ရှိသူတွေကို ရှေ့တန်းကနေ ကူညီပေးကြပါတယ်”လို့ ထပ်မံ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင်လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။