အခက်အခဲအကျပ်အတည်းကာလမှာ သူတို့ရဲ့ ရပ်ရွာလူထုကို ကူညီကာကွယ်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိတဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ဂုဏ်ပြုလိုက်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံက လူငယ် ငါးသန်း နီးပါးဟာ သူတို့ရဲ့ အခွင့်အရေးကို ကျင့်သုံးပြီး ပထမဆုံးအကြိမ် မဲပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီ အခွင့် အရေးကို ကျေနပ်စွာ ကျင့်သုံးခဲ့ကြတဲ့ ဒီလူငယ်တွေဟာ သူတို့ ပေးခဲ့တဲ့ မဲတွေကို လျစ်လျူရှု ခံရတဲ့အခါ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ ကြရပါတယ်။ ဒါကြောင့် လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ပြန်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ဖို့ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံကို ကိုဗစ်၁၉တတိယလှိုင်း ရိုက် ခတ်တဲ့အချိန်မှာလည်း လူငယ်တွေဟာ တဖန် ဦးဆောင်မှု ယူခဲ့ကြပါတယ်။ လူငယ်အများစုဟာ ကိုယ်ကျိုး မဖက်ပဲ ဖျားနာနေသူတွေ၊ လိုအပ်ချက်ရှိသူတွေကို ရှေ့တန်းကနေ ကူညီပေးကြပါတယ်”လို့ ထပ်မံဖော်ပြထားပါတယ်။