Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် တော်လှန်ရေးသတင်းများကို စစ်ကောင်စီထံတိုင်ကြားနေသည့် ပျူစောထီးအဖွဲ့ ဝင်နှစ်ဦးကို သုတ်သင်ရှင်းလင်း

ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသဖြင့် ရှင်းလင်းလိုက်ရကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution က ယမန်နေ့(ဇူလိုင် ၁၄ရက်) ညတွင် ထုတ်ပြန် ထားသည်။

ထီးချိုင့်
ထီးချိုင့်

ဒေသတွင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့် တစ်ဖွဲ့တည်းဖြစ်ပြီး တော်လှန်ရေးသတင်းများကို စစ်ကောင်စီထံတိုင်ကြားနေသည့် ပျူစောထီး အဖွဲ့ဝင်နှစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် လယ်မှီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် သန်းစိန်နှင့်ကျော်စိန်ကို ဇူလိုင် ၁၁ရက် ညတွင် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များက ရှင်းလင်း လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသဖြင့် ရှင်းလင်းလိုက်ရကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution က ယမန်နေ့(ဇူလိုင် ၁၄ရက်) ညတွင် ထုတ်ပြန် ထားသည်။

သန်းစိန်နှင့်ကျော်စိန်သည် ထီးချိုင့် ရွာသစ်ကုန်းရပ်ကွက်မှ ပျူစောထီး ဇော်ဝင်းကို ၊အမှတ်(၃) ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ရှေ့နေမာဒင်နှင့် ထီးချိုင့်မြို့ ပြည်ခိုင်ဖြိုးပါတီမှ စိုးစိုး တို့နှင့်တစ်ဖွဲ့တည်းဖြစ်ပြီး ပျူစောထီးများ ဖြစ်သည်ဟု Tigyaing Revolution က ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦး၏ဖုန်းထဲတွင် စစ်ကောင်စီတပ်ထံ တိုင်တန်းထားသော အချက်အလက်များ တွေ့ရှိခဲ့ ရသည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဇော်ဝင်းကို၊မာဒင်နှင့်စိုးစိုးတို့ကလည်း စစ်ကောင်စီအား လူထုက ခုခံတော် လှန်ရေးတွင် အလွန်အန္တရာယ်ကြီးသည့် စစ်ကောင်စီထောက်တိုင်များ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

” သူတို့ သုံးယောက်စလုံးက စစ်တပ်လုံခြုံရေးနဲ့ နေနေတာ။ မြို့အတွက်တော့ အမှိုက်တွေပဲ”ဟု ထီးချိုင့်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

Facebook