Connect with us

Hi, what are you looking for?

သတင်း

လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးကို ပစ်ခတ်ရှင်းလင်း

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

(မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးချုပ် ဦးစန်းလင်းအား ​တွေ့ရစဥ်)
(မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးချုပ် ဦးစန်းလင်းအား ​တွေ့ရစဥ်)

လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီး ဦးစန်းလင်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ Special Task Agency of Burma(STA)အဖွဲ့က အသိပေးထားသည်။

ဇူလိုင် ၁၅ရက် ည ၇ နာရီခန့်တွင် တရားရုံးမှ ​နေအိမ်သို့ အငှားယာဉ်ဖြင့်ပြန်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း STA မှ တာဝန်ရှိသူက ပြောသည်။

“ပစ်ခတ်မှုကြောင့် တရားသူကြီးချုပ် ဦးစန်းလင်း ပွဲချင်း ပြီးသေဆုံးပြီး အငှားယာဉ်မောင်းထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။မိမိတို့ အဖွဲ့သားများအနေဖြင့် အထိအခိုက်မရှိ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု ၎င်းက​ပြောသည်။

STA အဖွဲ့အနေဖြင့် ဇူလိုင် ၁၅ရက် ညနေ ၄နာရီကလည်း လှိုင်သာယာမြို့နယ်တရားရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်ကွဲပြီးချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ

သတင်း

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့မှာ ကျင်းပခဲ့ပြီး စစ်ရေး နဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။

သတင်း

၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကို တောင်အာဖရိက နိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ ပညာရှင် နဗာနီသမ် ‘နာဗီ’ ပီလိုင်က ဆွတ်ခူး ရရှိသွားပါတယ်။