Connect with us

Hi, what are you looking for?

သတင်း

အင်္ဂဘိုရွာအနီး စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ၁၀ဦးသေဟု သထုံခရိုင် PDFတပ်ရင်း (၃)ထုတ်ပြန်

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာတွင် ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန် သည်။

ဇူလိုင် ၁၅ရက် နံနက် ၁၀နာရီခန့်က အင်္ဂဘိုရွာဆီအုန်းအမှတ်(၂) လေးဒေါင့်ကန်အနီးတွင် PDF တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင် စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ဦးအထက်ရှိသည်ဟု ဖော်ပြသည်။

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေးကင်းပုန်းမှ စစ်ကောင်စီဗိုလ်တစ်ဦးတိုက်ခိုက်မှုဖြစ်ပွားစဉ်ထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲ၌ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံခရိုင် PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။