Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေး ရှောင်စခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း – ၈ က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၈ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လက်နက် ကြီးဖြင့် ခြောက်ကြိမ်တိတိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းရှိ၊ မရှိကို မသိရသေးပေ။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင် ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံး ဖြစ်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီးမော့ဆိုအနောက်ခြမ်းမှာက စစ်ဘေးရှောင်အများဆုံးရှိနေတာ။အဲဒါကို စခ တွေ အနေနဲ့လည်း သိနေတာပဲ။ဒါပေမယ်လို့ အခုလို အကြောင်မဲ့ ရမ်းသမ်းပစ်ခတ်တာတွေက သူတို့ရဲ့ အကြမ်းဖက် နေတဲ့လုပ်ရပ်တွေကို ဖော်ပြနေတာပဲ”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)
(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ KNDF B-08)

ထို့ကြောင့် လူဦးရေ နှစ်သိန်းကျော်စစ်ဘေးရှောင်နေရသော ကရင်နီဒေသတွင် စစ်မဲ့ဇုန်ဖန်တီး ပေးရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ကုလသမဂ္ဂလအောက်ခံ အဖွဲ့အစည်းများ ကို တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။