စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် နှင့်ပျူစောထီး ကြီးစိုးရာ ကျေးရွာရှိ အကြမ်းဖက်အုပ်စုအား ယနေ့နံနက်ပိုင်းက အလစ်ဝင်တိုက်ရာ သုံးဦးသေဆုံးသွား ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF) အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(ဇူလိုင်၁၈ ရက်) နံနက် ၆နာရီ ၄၇မိနစ်ခန့်က ရွှေဘိုမြို့နယ်အနောက်ခြမ်း ၌ စစ်ကောင်စီ တပ်နှင့် ပျူများအထိုင်ချနေသော ဇီးဖြူကုန်းကျေးရွာတွင် ပျူနှင့် စစ်သားများကင်းပုန်းချထိုင်နေစဥ် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇီးဖြူကုန်းကျေးရွာပျူစောထီးဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်သား နှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို သီလုံး ကျေးရွာနှင့်ပန်းရံရွာမှ ပျူများက အခင်းဖြစ်ရာနေရာ သို့လာရောက်ပြီး ခေါ်ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို နာရေးကားဖြင့်မြို့ထဲသို့ သယ်ယူပို့ ဆောင်ရာ နံနက် ၈နာရီ၄၅မိနစ်ခန့်တွင် မင်္ဂလာကျေးရွာ ရွာထိပ်အရောက်၌ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လမ်းဘေးဝဲယာ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ဆိုသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) တာဝန်ရှိသူက “ပါဆယ်မိုင်းနဲ့အရင် တိုက်ခိုက်ခဲ့တာပါ။ ကျန်တာကတော့ အသိပေးလို့မရလို့ပါ။”ဟု ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အထက်ပါဖြစ်စဥ်အား ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) နှင့် မဟာမိတ်များ ဖြစ်ကြသော C&T Shwebo ၊ဒေါင်းမာန်-SHWEBO. (LDF) Snake Eyes.(LDF). MDF – Shwebo. ALPha -7(LDF)-Shwebo Federal Army (LDF)-ရွှေဘို စွန်ရဲ( LDF)-တိုက်နယ်(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
အဆိုပါဒေသတွင်း PDF အဖွဲ့များသည် ရွှေဘိုခရိုင်အတွင်း အကြမ်းဖက်စစ်တပ် နှင့်ပျူများ တပ်စွဲထားသော ကျေးရွာများသို့သွားရောက်ကာ ဒရုန်းများဖြင့် ဝေဟင်မှလည်းကောင်း၊ မြေပြင်မှလည်းကောင်း မကြာခဏတိုက်ခိုက်လေ့ ရှိသည်။


















































