Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူရန် ကုလလုံခြုံရေးကောင်စီသို့ သံအမတ်ကြီးတောင်းဆို

အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် ၁,၄၀၀ဦးကျော်ကို စစ်တပ်မှ အဓမ္မထိန်းသိမ်းဖမ်းဆီးခဲ့ပြီး စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍​ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း
မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း

▪️စစ်တပ်သည် ပြည်တွင်းဥပဒေများနှင့် ကုလသမဂ္ဂသဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်၍ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်နေ

မြန်မာစစ်တပ်သည် ပြည်တွင်းကလေးအခွင့်အရေးဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာသဘောတူညီချက်များကို ဗြောင်ကျကျချိုးဖောက်၍ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်နေကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယမန် နေ့က လုံခြုံရေးကောင်စီ၏ “ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်ရန် တုံ့ဆိုင်းခြင်းမရှိသည့် အခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများတွင် ဖော်ပြသည့် တာဝန်ဝတ္တရားများနှင့်အညီ မြန်မာစစ်တပ်၏ လုပ်ရပ်များကို ရပ်တန့်ရန်လည်း ဆက်လက်တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ်များ လွတ်မြောက်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာပြတ်သားစွာ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်း သံ အမတ်ကြီးက တိုက်တွန်းသည်။

နိုင်ငံတကာအသိုက်အဝန်းက မြန်မာကလေးများကို စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ​ ကာကွယ်တားဆီးရန် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ချမှတ်အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက စစ်တပ်အာဏာ သိမ်းမှု၏ အကျိုးရလဒ်အဖြစ် ကလေးငယ်မျိုးဆက်သစ်တစ်ခု ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးသည်။

ယခုနှစ် အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ၌ မြန်မာကလေးသူငယ် ၄၆၂ ဦး အပေါ် ကျူးလွန်သည့် ဆိုးဝါးသော လုပ်ရပ် ၅၀၃ခုကို မှတ်တမ်းတင်ဖော်ပြထားပြီး ယင်းအကြမ်းဖက်လုပ်ရပ်အများစုကို စစ်တပ်မှ​ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ကလေးသူငယ် ၇၇ ဦးကို သတ်ဖြတ်ကာ သေရာပါဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ပြီး ၂၂၂ဦးကို စစ်သားသစ်အဖြစ် စုဆောင်းအသုံးပြုခဲ့ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် ၁,၄၀၀ဦးကျော်ကို စစ်တပ်မှ အဓမ္မထိန်းသိမ်းဖမ်းဆီးခဲ့ပြီး စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍​ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ကလေးငယ် ၇.၈ သန်း နီးပါးသည် ပညာဆက်လက်သင်ယူနိုင်ခြင်း မရှိဘဲ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ သန်းကျော်အနက် ၂၅၀,၀၀၀ ဦးသည် ကလေးသူငယ်များဖြစ်ကြောင်း သံအမတ်ကြီးက ကုလလုံခြုံရေးကောင်စီသို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။