Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုမှ မင်းတပ်မြို့သို့ စစ်ကောင်စီယာဉ် ၆၈စီးထွက်ခွာသွား

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

(ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် ​မေလက​ တွေ့ရစဥ်)
(ချင်းပြည်နယ်သို့လာ​သော စစ်​ကောင်စီယာဥ်တန်းကို ပြီးခဲ့သည့် ​မေလက​ တွေ့ရစဥ်)

မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ယာဉ် ၆၈ စီးပါ စစ်ကောင်စီယာဉ်တန်းထွက်ခွာသွားကြောင်း ကျောက်ထု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ယာဉ်အစီးရေ ၁၀၀ ကျော်ပါ ယာဉ်တန်းသည် ပခုက္ကူမှ ထွက်ခွာလာရာ ဇူလိုင် ၁၈ရက်တွင် ကျောက်ထုသို့ ၉၅ စီးရောက်ရှိခဲ့ပြီး ယနေ့တွင် ကျောက်ထုမှ မင်းတပ်မြို့သို့ ၆၈စီး ဆက်လက်ထွက်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ယာဉ်တန်းသည် မင်းတပ်မှ မတူပီမြို့သို့ လက်နက်ရိက္ခာသွားရောက်ဖြည့် တင်းခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“မင်းတပ်ကိုထွက်သွားတာ ၆၈စီး။အခုတော့ မင်းတပ်တော့မရောက်သေးဘူး။လမ်းတစ်ဝက် ကျော်ကျော်လောက်ရောက်နေပြီ”ဟု ကျောက်ထု ဒေသခံက ယနေ့နေ့လည်ပိုင်း၌ ပြောသည်။

ယခု ယာဉ်တန်းမထွက်မီ ဇူလိုင် ၁၉ရက်က အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ကျောက်ထုမှ မင်းတပ်သို့ ခြေလျင်ထွက်ခွာသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မင်းတပ်နားတွေမှာတော့ မိုင်းတွေပေါက်တော့ရှေ့မတိုးရဲဘူးထင်တယ်။မနေ့က ၁၀၀ ကျော်တက်သွားကြတာ မိုင်းရှင်းက။ မင်းတပ်နားမှာတော့ ဖြစ်ပုံတူတယ်။ ဒီဘက်(ကျောက်ထုဒေသ၊ ဆောမြို့နယ်)ကတော့ လက်နက်ကလည်း မပြည့်စုံ၊ ယမ်းတွေကလည်း မပြည့်စုံတော့ အသာလေးပဲမှိန်းနေကြတော့တာ။ ပခုက္ကူကလာတုန်းက ၁၀၃စီးလို့ ဆိုတယ်။ ကျောက်ထုနား ရောက်တဲ့အခါ ၉၅ စီးကျောက်ထုကို ဝင်တယ်။ ဒီနေ့တော့ ၆၈စီးထွက်သွားတယ်”ဟု ကျောက်ထု ဒေသခံက ပြောသည်။

မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်ကမူ ၎င်းတို့ အနေဖြင့် စစ်ကောင်စီတပ်ယာဉ်တန်း မင်းတပ် – မတူပီလမ်းအတိုင်း ဆက် လက်ချီတက်ပါက ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook