Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် ​နေအိမ်အတွင်းဝင်​ရောက်ပစ်ခတ်ပြီး ​​ငွေ​ကြေးများလုယူသွား၊ ပျူအဖွဲ့လုပ်ရပ်ဟု ​ဒေသခံများ သုံးသပ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပြင်ဘက်၌သာ နယ်မြေစိုးမိုးမှုအထိုက်အလျောက်ရနေသောကြောင့် မြို့ပေါ်တွင် ပျူစောထီးများက လူထုအား အနိုင့်ကျင့်သည့်လုပ်ရပ်များပေါ်ပေါ်တင်တင်ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

တမူးမြို့ အိန္ဒိယနိုင်ငံနှင့် နယ်စပ်အနီးရှိ ​နေအိမ်တစ်အိမ်မှ အိမ်ရှင်ကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေကြေးများလုယူသွားခဲ့သည်။

အိန္ဒိယနိုင်ငံနယ်စပ်နှင့် ကပ်လျက်ရှိသော နမ့်ဖာလုံမီးသတ်ရုံးအနီးမှ ဦးယောကြီး၏နေအိမ်ကို ယမန်နေ့ (ဇူလိုင် ၂၀ရက်) ညနေ ၅ နာရီ ၁၅မိနစ်တွင် လက်နက် ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပြီး ဦးယောကြီးကို သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ဒေသခံများကပြောသည်။

“လုပ်သေနတ်နဲ့ ပစ်သွားတာ။ သေနတ်ကျည်က ပါးစပ်ကနေဝင်ပြီး လည်ပင်းကနေ ထွက်သွားတယ်။ ငွေတွေလည်း ယူသွားတယ်”ဟု တမူးဒေသခံတစ်ဦးကပြောသည်။

ဦးယောကြီး၏ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ယခုလုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခြင်းဟု ဒေသခံများက ယူဆနေသည်။

Public Service Announcement

Public Service Announcement

တမူးမြို့တွင် ​နေအိမ်အတွင်းဝင်​ရောက်ပစ်ခတ်ပြီး ​​ငွေ​ကြေးများလုယူသွား၊ ပျူအဖွဲ့လုပ်ရပ်ဟု ​ဒေသခံများ သုံးသပ်
တမူးမြို့တွင် ​နေအိမ်အတွင်းဝင်​ရောက်ပစ်ခတ်ပြီး ​​ငွေ​ကြေးများလုယူသွား၊ ပျူအဖွဲ့လုပ်ရပ်ဟု ​ဒေသခံများ သုံးသပ်

“ပျူစောထီးတွေ လုပ်တာလို့ သုံးသပ်လို့ရတယ်။ မနေ့ကလည်း ပျူစောထီးတွေက မြို့ရဲ့ဘောလုံးကွင်းထဲ ဝင်ပြီး ဗုံးခွဲသွားတယ်။ပေါက်ကွဲသံတော်တော်ကျယ်တယ်။ ဘာကြောင့်လုပ်သွားမှန်းတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

​သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦး​ယောကြီးမှာ လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိပြီး ​ဆေးရုံ၌ ကုသမှုခံယူ​နေ​ကြောင်း ၎င်းကဆက်​ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပြင်ဘက်၌သာ နယ်မြေစိုးမိုးမှုအထိုက်အလျောက်ရနေသောကြောင့် မြို့ပေါ်တွင် ပျူစောထီးများက လူထုအား အနိုင့်ကျင့်သည့်လုပ်ရပ်များပေါ်ပေါ်တင်တင်ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook