Connect with us

Hi, what are you looking for?

သတင်း

မြစ်သာမြစ်အရှေ့ဘက်ကမ်းတိုက်ပွဲစစ်​ကောင်စီတပ်အထိနာပြီး​သေဆုံးစစ်သားအ​လောင်းများမသယ်ဘဲမီးပုံရှို့ထားခဲ့ဟုဆို

တိုက်ပွဲမှာတစ်​နေကုန်ဖြစ်ပွားပြီး ည​နေ ၆ နာရီမှပြီးကာစစ်​ကောင်စီတပ်သည်​သေဆုံးစစ်သားများကိုပြန်မသဲဘဲ ပုံ၍မီးရှို့ခဲ့​ကြောင်းလည်းထုတ်ပြန်သည်။တိုက်ပွဲတွင် PDF များဘက်မှ ကျဆုံးထိခိုက်မှုမရှိဟုသိရသည်။

(က​လေးPDF တပ်ရင်း ၆ တပ်ဖွဲ့ဝင်များ)
(က​လေးPDF တပ်ရင်း ၆ တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်ရှိကျေးရွာများကို စစ်​ကောင်စီတပ်စစ်ကြောင်းများဝင်ရောက်လာ၍​ဒေသခံကာကွယ်​ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး​ကျော်သေဆုံးခဲ့ကြောင်း ကလေးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၆ ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အင်းကျော်၊ဥယျာဉ်၊ကင်မွန်းခြုံကျေးရွာများကို စစ်ကြောင်းများခွဲ၍ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်ဟု တပ်ရင်း ၆ က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦး​ကျော်သေဆုံးပြီး လက်နက်ကြီး ပစ်ကူတောင်းခဲ့ခြင်းကြောင့် နှောညောင်ပင်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကပစ်ကူပေးခဲ့သည်ဟုလည်းသိရသည်။

တိုက်ပွဲမှာတစ်​နေကုန်ဖြစ်ပွားပြီး ည​နေ ၆ နာရီမှပြီးကာစစ်​ကောင်စီတပ်သည်​သေဆုံးစစ်သားများကိုပြန်မသဲဘဲ ပုံ၍မီးရှို့ခဲ့​ကြောင်းလည်းထုတ်ပြန်သည်။တိုက်ပွဲတွင် PDF များဘက်မှ ကျဆုံးထိခိုက်မှုမရှိဟုသိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင်Ranger Kalay Defend Force-RKDF မှလက်​ဖြောင့်​သေနတ်သမားကပစ်ခတ်၍ စစ်သားတစ်ဦး​သေဆုံးခဲ့​ကြောင်းလည်းRKDFကထုတ်ပြန်သည်။

“ယနေ့နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက်စစ်ကောင်စီနှင့် ကျွန်ုပ်တို့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်လျှက်ရှိပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာပြီး ကျေးရွာများအတွင်း ပြည်သူပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ ခိုးယူကာ နေအိမ်များအား မီးရှို့ဖျက်စီးနေကြောင်း သိရှိရပါသည်”ဟုRKDF ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်းအထိနာ​သောအကြမ်းဖက်စစ်တပ်သည် အင်းကျော်ကျေးရွာရှိ ပြည်သူလူထုနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်းသိရသည်။

ထို့အပြင်ယ​နေ့(ဇူလိုင် ၂၁ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကလေးမြို့နယ်ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှလာသော အင်အား ၁၀၀ခန့်ရှိစစ်ကောင်စီတပ်နှင့် ကလေး PDF တပ်ရင်း(၆) တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ခဲ့ရာစစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး တစ်ဦး၊
စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးခဲ့ပြီးစစ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ကြောင်းNUGကလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။