Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ ပုသိမ်ကြီးတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်များလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်ဘက်မှ ငါးဦးထိခိုက်

ယခုတိုက်ခိုက်မှုပြုလုပ်မည့် စစ်ရေးစ်ရှင်ကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းကပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်းဒလန်သတင်းပေးမှုကြောင့် ပစ္စည်းများပြန်သိမ်းကာ နောက်တစ်ကြိမ်ထပ်မံပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

(မန္တ​လေးမြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရစဥ်။ ဓါတ်ပုံ-ASL)
(မန္တ​လေးမြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရစဥ်။ ဓါတ်ပုံ-ASL)

မန္တလေးမြို့ ပုသိမ်ကြီးတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်များလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးထိခိုက်မှုရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(GZP)က ယနေ့(ဇူလိုင် ၂၂)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က ပုသိမ်ကြီးမြို့အဝင် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူတောထီးများလိုက်ပါလာသော ဒိုင်နာယာဥ်တစ်စီးကို GZP နှင့် ပုသိမ်ကြီး(ပကဖ)တို့ပူးပေါင်းပြီး ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူငါးဦးထိခိုက်ဒဏ်ရာရသွားပြီး သေတုံးမှုများလည်းရှိနိုင်ကြောင်း ထုတ်ပြန်သည်။

“(ယာဥ်)အတော်လေး ပျက်စီးသွားပါတယ်။ ကားပေါ်မှာ စခတွေအပြင် ပျူတွေပါ ပါပါတယ်ခင်ဗျ။ ပျူတွေမှာလက်လုပ်သေ နတ်တွေပါ ပါတယ်လို့ယူဆရပါတယ်”ဟု GZP မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ် ဆောင်သည့်အနီးသို့ ရဟန်းတစ်ပါးရောက်ရှိလာရာ ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး ယင်းဖြစ်စဥ်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ဖော်ပြသည်။

ယခုတိုက်ခိုက်မှုပြုလုပ်မည့် စစ်ရေးစ်ရှင်ကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းကပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်းဒလန်သတင်းပေးမှုကြောင့် ပစ္စည်းများပြန်သိမ်းကာ နောက်တစ်ကြိမ်ထပ်မံပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် အနီးကပ်သွားလာနေထိုင်ခြင်းမပြုကြရန်နှင့် ဝေးဝေးမှရှောင်ရှားသွားလာကြရန် တော်လှန်ရေးအင်အားစုများမှ အမြဲမပြတ်သတိပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။