Connect with us

Hi, what are you looking for?

News

မိုးကုတ်တွင်​တောင်ကမ်းပါးယံပြို၍ ခုနစ်ဦးပိတ်မိပြီး ​ခြောက်ဦးကို ကယ်ထုတ်နိုင်၊တစ်ဦး​ကိုရှာ​ဖွေ​နေဆဲ

မိုးကုတ်မြို့တွင် ယမန်နေ့သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်း၊ ထရန်စဖော်မာနှင့် ဓာတ်တိုင်ပြိုကျရာမှ လူနေအိမ်တစ်လုံးပေါ်ပိမိပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ-Myanmar Fire Services Department

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် ယနေ့ (သြဂုတ် ၁၃ ရက်)နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံ ပြိုကျ၍ လူနေအိမ်ပေါ်သို့ ပိနေခဲ့ရာ လူခုနစ်ဦး ပိတ်မိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မိုးကုတ်မြို့ မြို့မရပ်ကွက် မြို့မအပိုင်း(၄)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသား ငါးဦး၊ နှင့် က​လေးငယ် (မ)တစ်ဦး စုစု​ပေါင်း​ခြောက်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးအား ဆက်လက်ရှာဖွေကယ်ဆယ်နေကြောင်း မိုးကုတ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့တွင် ယမန်နေ့သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်း၊ ထရန်စဖော်မာနှင့် ဓာတ်တိုင်ပြိုကျရာမှ လူနေအိမ်တစ်လုံးပေါ်ပိမိပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။