Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရဲလေးဦးပစ်ခတ်ခံရပြီး လေးဦးလုံးသေ

ဆားလင်းကြီးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုအားကောင်းရာဒေသဖြစ်ပြီး ဆားလင်းကြီးမြို့မရဲစခန်း၊ ဝမ်ပေါင်လုပ်ငန်း၊ ညောင်ပင်ကြီးရဲစခန်း အစရှိသည့်နေရာများ မကြာခဏ တိုက်ခိုက်ခံခဲ့ရသည်။

ဆားလင်းကြီးမြို့
ဆားလင်းကြီးမြို့

▪️၎င်းတို့ထံမှလက်နက် ၃ လက်ရရှိဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယနေ့နံနက်က လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး လေးဦးလုံးသေဆုံးကာ ၎င်းတို့ထံမှလက်နက် ၃ လက်ရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ ဇူလိုင် ၂၂ ရက် နံနက် ၇ နာရီခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်၊ စည်ပင်စျေးအနီး လက်ဖက်ရည်ဆိုင်တွင် ရဲ ၄ ဦး လက်ဖက်ရည်သောက် နေကြစဉ် PDF များက ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ၄ ဦးသေဆုံးသွားကြောင်း ကနီသားများ၏ ရင်တွင်းအသံက ဖော်ပြသည်။

လက် နက်၃ လက်လည်း ရရှိသွားသ​ည်ဟုဆိုပြီး တပ်စွဲထားသော ဆားလင်းကြီးမြို့ပေါ် မီးသတ်ရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရဲ၄ဦးအနက် ၂ ဦးသည် ဆားလင်းကြီးနယ်သို့ ပြောင်းရွှေ့တာဝန်ကျသည်မှာ မကြာသေးကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

ဆားလင်းကြီး PDF အဖွဲ့များထံ ဆက်သွယ်​မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဆားလင်းကြီးမြို့နယ်သည် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်မှုအားကောင်းရာဒေသဖြစ်ပြီး ဆားလင်းကြီးမြို့မရဲစခန်း၊ ဝမ်ပေါင်လုပ်ငန်း၊ ညောင်ပင်ကြီးရဲစခန်း အစရှိသည့်နေရာများ မကြာခဏ တိုက်ခိုက်ခံခဲ့ရသည်။ကြီးမြို့ပေါ်တွင် ယနေ့နံနက်က လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲလေးဦး ပစ်ခတ်ခံရပြီး လေးဦးလုံးသေဆုံးကာ ၎င်းတို့ထံမှလက်နက် ၃ လက်ရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၇ နာရီခန့်က ဆားလင်းကြီးမြို့ပေါ်၊ စည်ပင်စျေးအနီး လက်ဖက်ရည်ဆိုင်တွင် ရဲ လေးဦး လက်ဖက်ရည်သောက်နေစဉ် PDF များက ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ လေးဦးလုံးသေဆုံးသွားကြောင်း ကနီသားများ၏ ရင်တွင်းအသံက ဖော်ပြသည်။

လက်နက် သုံးလက်လည်း ရရှိပြီး တပ်စွဲထားသော ဆားလင်းကြီးမြို့ပေါ် မီးသတ်ရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရဲ လေးဦးအနက် နှစ်ဦးသည် ဆားလင်းကြီးနယ်သို့ ပြောင်းရွှေ့တာဝန်ကျသည်မှာ မကြာသေးကြောင်း ဒေသခံအချို့က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

ဆားလင်းကြီး PDF အဖွဲ့များထံလည်း ဆက်သွယ်​မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဆားလင်းကြီးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုအားကောင်းရာဒေသဖြစ်ပြီး ဆားလင်းကြီးမြို့မရဲစခန်း၊ ဝမ်ပေါင်လုပ်ငန်း၊ ညောင်ပင်ကြီးရဲစခန်း အစရှိသည့်နေရာများ မကြာခဏ တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။