Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို ကွပ်မျက်လိုက်တယ်ဆိုတာထောင်အာဏာပိုင်တွေမိသားစုကိုအတည်ပြု၊ ရုပ်အလောင်းတွေထုတ်မပေး

မြန်မာနောင်းမ် မီဒီယာရဲ့ဖော်ပြချက်မှာတော့ ဒီလိုမိသားစုနဲ့ပေးတွေ့ပြီး နောက်တစ်ရက်မနက်ပိုင်းမှာ ကြိုးပေးခဲ့တာဖြစ်ကာ ရုပ်အလောင်းတွေကို လှိုင်သာယာ ထိန်ပင်သုဿန်မှာ သဂြိဟ်ခဲ့တယ်လို့ သိရပါတယ်။

ကိုဂျင်မီ
ကိုဂျင်မီ

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်စီရင်လိုက်တာကိုထောင်အာဏာပိုင်တွေက အတည်ပြုလိုက်ပေမယ့် ရုပ်အလောင်း ထုတ်မပေးကြောင်း မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒီနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာမှာ ကိုဂျင်မီ၊ကိုဇေယျာသော်တို့အပါအဝင်၄ ဦးကို ပြစ်ဒဏ်စီရင်ပြီးပြီဆိုတဲ့ကြေညာချက် ထုတ်ပြန်လာပါတယ်။

ဒီထုတ်ပြန်ချက်ကို ရှင်းရှင်းလင်းလင်းသိရဖို့မိသားစုဝင်တွေကဒီနေ့မနက်ပိုင်းမှာ အင်စိန်ထောင်ကိုသွားကာ ထောင်အာဏာပိုင်တွေကိုသွားရောက်မေးမြန်းခဲ့ကြပါတယ်။

ကိုဇေယျာသော်
ကိုဇေယျာသော်

မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးရေးသားချက်မှာတော့” အင်းစိန်ဒုထောင်ပိုင်ကနေ ဘယ်နေ့ လုပ်လိုက်တယ်ဆိုတာ ပြောလို့မရပါဘူး။ နောက် body သူတို့လက်ထဲမှာမရှိပါဘူး။Body ကို ပြန်ပေးဖို့ ဥပဒေမှာမရှိဘူးဆိုပြီးပြောလာတယ်။မိသားစုတွေအနေနဲ့ကတော့ ဒီဖြစ်ရပ်ကို လက်မခံဘူး” လို့ ရေးသားထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကိုဂျင်မီတို့ကိုကွပ်မျက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတစ်ခုကိုဖြေကြားရာမှာ “သတင်းစာမှာပါတဲ့အတိုင်းပဲလို့ ” ဖြေထားပါတယ်။

စစ်ကောင်စီရဲ့သတင်းစာမှာ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး လို့ ကြေညာထားတာတွေ့ရပါတယ်။

ဒါပေမယ့် သေဒဏ်စီရင်တဲ့ အချိန်နဲ့ နေ့ရက် ကိုဖော်ပြထားတာမရှိပါဘူး။ သေဒဏ်မစီရင်မီ ရက်ပိုင်း ဇူလိုင်လ ၂၂ ရက်က အွန်လိုင်းကနေ တဆင့် မိသားစုနဲ့ ပေးတွေ့ခဲ့တယ်လို့သိရပါတယ်။

ဘယ်နေ့၊ဘယ်အချိန်မှာ စီရင်ခဲ့လဲဆိုတာကို မိသားစုဝင်တွေအနေနဲ့သိဖို့လိုပြီး အဖြစ်မှန်သိမှသာ မြန်မာ့ဓလေ့ထုံးစံအတိုင်း ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် အင်းစိန်ထောင်အရာရှိတွေနဲ့တွေ့ဆုံဖို့လိုအပ်ကြောင်း ကိုဇေယျာသော်ရဲ့မိခင်ဖြစ်သူက တောင်းဆိုထားတဲ့တောင်းဆိုစာလည်း ထွက်ပေါ်လာပါတယ်။

မြန်မာနောင်းမ် မီဒီယာရဲ့ဖော်ပြချက်မှာတော့ ဒီလိုမိသားစုနဲ့ပေးတွေ့ပြီး နောက်တစ်ရက်မနက်ပိုင်းမှာ ကြိုးပေးခဲ့တာဖြစ်ကာ ရုပ်အလောင်းတွေကို လှိုင်သာယာ ထိန်ပင်သုဿန်မှာ သဂြိဟ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။