Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့တောင်ကြောမှာ စစ်တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့တောင်ကြောပေါ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ကော်ဘရာက သတင်းထုတ်ပြန်ထားပါတယ်။

မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့တောင်ကြောကို ဇူလိုင်(၂၄)ရက် ညနေပိုင်းက အလစ်အငိုက်ကျူးကျော်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ ဒရုန်းတပ်ဖွဲ့နဲ့အတူ Golden Eagle ဒရုန်းတပ်ဖွဲ့လည်း အဓိက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်သား နှစ်ဦးနဲ့အထက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ကော်ဘရာစစ်ကြောင်းဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။