Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထား သည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များအား တွေ့ရစဥ်)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော်များအား တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်က သံချပ်ကာယာဥ်များအပါအဝင် စစ်ကူများစွာ ဖြည့်တင်းနေ

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က သံချပ်ကာ ယာဥ်များအပါအဝင် စစ်ကူများစွာဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၂၅ ရက်) နေ့လည် ၂ နာရီခန့်ကစ၍ မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ည ၈နာရီခွဲခန့်အထိ ပစ်ခတ်မှုများမှာ ရပ်နားခြင်းမရှိ သေးဟု ဆိုသည်။

“အသက် ၇၀အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စထိမှန်လို့ ဆုံးသွားပါ တယ်။ ပြီးတော့ စည်ကား ၁ ရပ်ကွက် ထဲက ဒေသခံ နှစ်ဦး လည်းလက်နက်ကြီး ကျည်စ မှန်လို့ ကုထားပါ တယ်”ဟု Mobye Resue Team မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့မှတဆင့် အကြမ်းဖက်စစ်ကောင်စီ တပ်က စစ်ကားအစီး (၂၀) ၊ သံချပ်ကာ(၄)စီး နှင့် ဆယ်ဘီးကား (၁)စီး ယာဥ်တန်းဖြင့် မိုးဗြဲမြို့သို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ် JFK က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ညပိုင်း တိုက်ပွဲတွင် အကြမ်း ဖက်စစ်ကောင်စီ၏ လွိုင်ကော် အမြောက်တပ်မှ (၁၂၀) မမ ဖြင့် ပစ်ကူပေးနေသည်ဟုလည်း ဆို သည်။

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က အသိပေးထား သည်။

ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့်ဒေါငံခါး တကြောလုံး ကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ကဇူလိုင် ၂၀ ရက်တွင် မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက် ည ပိုင်းတွင် ဒုတိယအကြိမ် မြို့ပေါ်သို့ ဝင်ရောက်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။