Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။

နေရာမရွေးတရားမဲ့သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြင်းထန်သောတုန့်ပြန်မှုများ ပြုလုပ်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင် ၂၅ ရက်) သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျသော်အပါအဝင် ဒီမိုကရေစီအရေးလှုပ် ရှားသူ (၄)ဦးအား မတရား သေဒဏ်ပေးကွပ်မျက်မှု နှင့်စပ်လျင်း၍ အထက်ပါအတိုင်း KNDF က ကြေညာသည်။

နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို  ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး
နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇူလိုင်၂၄ ရက်တွင် ဒီမိုကရေစီအရေး တပ်ကြွလှုပ်ရှားသူ များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အား မတရား သေဒဏ်စီရင် ပြီးကြောင်း ကြေညာခဲ့သည်ဟု KNDF က ဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင်သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုနှင့်၊ လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြင့်သဖြင့် KNDF က ပြင်းထန်စွာကန့်ကွက်ရှုပ်ချကြောင် အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။

သို့သော်အကြမ်းဖက်စစ်ကောင်စီသည်ယခုကဲ့သို့ စစ်မြပြင်တွင်သာမကာ နေရာမရွေး တရားမဲ့ သတ်ဖြတ်မှုများကို ကျူးလွန်သဖြင့်ပြင်းထန်သော တုန့်ပြန်မှုများဖြင့် စစ်ကောင်စီတပ်များ အမြစ်ပြတ်သည်အထိချေမှုန်း တိုက်ခိုက်သွားမည်ဟု KNDF က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။