Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်တိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စုကို MDF-အမျိုးသမီးကွန်မန်ဒိုများ ပါဝင်တိုက်ခိုက်

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။

(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)
(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)

ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စုကို MDF-အမျိုးသမီးကွန်မန်ဒိုများ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း Area -21 Revolution Network က ယနေ့(ဇူလိုင် ၂၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်အရ မုံရွာမြို့(မင်းဒေါက်ဆိပ် ကမ်း)မှ ဇူလိုင် ၂၄ ရက်က ထွက်လာသောစစ်သင်္ဘောဝန်းရံ အကာအကွယ်ယူလာသည့် စစ်ကောင်စီ ရေယာဥ်အုပ်စုကို Myanmar Defense Force MDF -Special Force နှင့် MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့တို့မှ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီကုန်သင်္ဘော(ဖလပ်) (၇)စီးသည် ရေတပ်စစ်သင်္ဘော တစ်စီးနှင့် Speed Boatများ ဝန်းရံလျက် ကနီမြို့မှ ရေဆန်တက်လာရာ ဆင်တော်ဝဲအောက်ဘက်အနီး အရောက်တွင် MDF – Special Forceမှကြိုတင်စီစဉ်ထားသည့်အတိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေး သည်။

စစ်ကောင်စီသင်္ဘောများမှာလည်း တိုက်ခိုက်သည့်နေရာ အရောက်တွင် သင်္ဘောများကို ရေလည်တွင် ရပ်တန့်လျက် မိနစ်(၅၀)ကြာမျှ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)
(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)

တိုက်ခိုက်ချိန်တွင် စနိုက်ပါ၊ (၄၀)မမ များနှင့် လက်နက်ငယ်များဖြင့် တရပ်စပ် ပစ်ခက်ရာ

စစ်ကောင်စီဘက်မှလည်း စက်လက်များ၊ စနိုက်ပါ၊ (၆၀)မမ ၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု MDF က ပြောသည်။

တိုက်ပွဲ၌ စစ်ကောင်စီ၏ သင်္ဘော နှစ်စီး မီးခိုးအူကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း တဖြည်း ဖြည်း ဆန်တက်သွားခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုကဲ့သို့ အောင်မြင်စွာတိုက်ခိုက်နိုင်ရန်အတွက်မြေပြင်၊ ဝေဟင် ကင်းထောက် ကူညီပေးကြသည့် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ အကြမ်းဖက်စစ်ကောင်စီရေယာဥ်အုပ်စုသည် “တောင်ကိုးလုံး” အရောက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထပ်မံတိုက်ခိုက်ခြင်းခံနေရသည်ဟု အသိပေးသည်။

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း အစုန်၊အဆန် လမ်း ကြောင်း အားလုံး ရက်အကန့်အသတ်မရှိ မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ဇူလိုင် ပထမပတ်တည်းက တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။