Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်တိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စုကို MDF-အမျိုးသမီးကွန်မန်ဒိုများ ပါဝင်တိုက်ခိုက်

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။

(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)
(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)

ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စုကို MDF-အမျိုးသမီးကွန်မန်ဒိုများ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း Area -21 Revolution Network က ယနေ့(ဇူလိုင် ၂၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်အရ မုံရွာမြို့(မင်းဒေါက်ဆိပ် ကမ်း)မှ ဇူလိုင် ၂၄ ရက်က ထွက်လာသောစစ်သင်္ဘောဝန်းရံ အကာအကွယ်ယူလာသည့် စစ်ကောင်စီ ရေယာဥ်အုပ်စုကို Myanmar Defense Force MDF -Special Force နှင့် MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့တို့မှ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီကုန်သင်္ဘော(ဖလပ်) (၇)စီးသည် ရေတပ်စစ်သင်္ဘော တစ်စီးနှင့် Speed Boatများ ဝန်းရံလျက် ကနီမြို့မှ ရေဆန်တက်လာရာ ဆင်တော်ဝဲအောက်ဘက်အနီး အရောက်တွင် MDF – Special Forceမှကြိုတင်စီစဉ်ထားသည့်အတိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေး သည်။

စစ်ကောင်စီသင်္ဘောများမှာလည်း တိုက်ခိုက်သည့်နေရာ အရောက်တွင် သင်္ဘောများကို ရေလည်တွင် ရပ်တန့်လျက် မိနစ်(၅၀)ကြာမျှ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)
(MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁)မှ အမျိုးသမီးရဲဘော်များ ဖြစ်သည်။)

တိုက်ခိုက်ချိန်တွင် စနိုက်ပါ၊ (၄၀)မမ များနှင့် လက်နက်ငယ်များဖြင့် တရပ်စပ် ပစ်ခက်ရာ

စစ်ကောင်စီဘက်မှလည်း စက်လက်များ၊ စနိုက်ပါ၊ (၆၀)မမ ၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု MDF က ပြောသည်။

တိုက်ပွဲ၌ စစ်ကောင်စီ၏ သင်္ဘော နှစ်စီး မီးခိုးအူကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း တဖြည်း ဖြည်း ဆန်တက်သွားခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုကဲ့သို့ အောင်မြင်စွာတိုက်ခိုက်နိုင်ရန်အတွက်မြေပြင်၊ ဝေဟင် ကင်းထောက် ကူညီပေးကြသည့် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ အကြမ်းဖက်စစ်ကောင်စီရေယာဥ်အုပ်စုသည် “တောင်ကိုးလုံး” အရောက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထပ်မံတိုက်ခိုက်ခြင်းခံနေရသည်ဟု အသိပေးသည်။

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း အစုန်၊အဆန် လမ်း ကြောင်း အားလုံး ရက်အကန့်အသတ်မရှိ မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ဇူလိုင် ပထမပတ်တည်းက တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။