Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် စစ်ကောင်စီတပ်၏ သေဒဏ်စီရင်ခြင်းခံရသည့် ရဲဘော် ၄ဦးအတွက် ဆုတောင်းပွဲပြုလုပ်

ထို့အပြင် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - May /Facebook
ဓာတ်ပုံ - May /Facebook

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားသဖြင့် သေဒဏ်ပေး၍ စီရင်ခြင်းခံရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်များ အတွက် ယနေ့ (ဇူလိုင် ၂၆) ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - May /Facebook
ဓာတ်ပုံ – May /Facebook

ယင်းဆုတောင်းပွဲကို နယူးယောက်မြို့ရှိ ဒီမိုကရေစီ အရေးလိုလားသူ မြန်မာနိုင်ငံသားများက ဦးဆောင်ခဲ့ပြီး ကျဆုံးရဲဘော်များအတွက် လွမ်းသူ့ပန်းများချ၍ “ကောင်းရာသုဂတိလားပါစေ” ဟု ဆုတောင်းပေးခဲ့ကြသည်။

ထို့အပြင် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။