Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားအသတ်ခံရမှုနှင့် စစ်​ကောင်စီကိုဆန်ကျင်​ကြောင်း ဘန်​ကောက်သံရုံး​​ရှေ့တွင်ထိုင်း​​ရောက်မြန်မာများဆန္ဒပြ

မတရားသတ်ဖြတ်ခံရသည့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး ၏ဓါတ်ပုံများ ကိုကိုင်​ဆောင်၍လည်း အကြမ်းဖက်စစ်​ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦး မတရားသတ်ဖြတ်ခံရသည့်အပေါ်ရှုတ်ချကြောင်း ထိုင်းရောက်မြန်မာများက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြခဲ့ကြသည်။

အလုပ်ဖွင့်ရက်ဖြစ်သော်လည်း လူဦးရေ ရာနှင့်ချီ လာရောက်ပူးပေါင်းခဲ့ပြီး မိုးရွာနေသည့်ကြားမှ တစ်နာရီကျော်ကြာ ဆန္ဒပြပွဲကို ဆင်နွှဲခဲ့ကြသည်။

မတရားသတ်ဖြတ်ခံရသည့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး ၏ဓါတ်ပုံများ ကိုကိုင်​ဆောင်၍လည်း အကြမ်းဖက်စစ်​ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြသည်။

‘ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး’၊ ‘ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး’၊ ‘ဆန္ဒ ဆန္ဒ ပြ ပြ’ ‘ငါတို့အစိုးရ ဘယ်သူလဲ NUG NUG’၊ ‘မြန်မာသံရုံး အလိုမရှိ အလိုမရှိ’၊ ‘မအေလိုး မင်းအောင်လှိုင် မင်းအောင်လှိုင် မအေလိုး’၊ ‘၈၈က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့’ ၊ ‘မင်းတို့ဦးနှောက် ၈၈ ငါတို့ ဦးနှောက် ၂၁’ ၊ ‘စစ်အာဏာရှင် အလိုမရှိ အလိုမရှိ’၊ ‘ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့’ ၊’အရေးတော်ပုံ အောင်ရမည်’ စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။