Connect with us

Hi, what are you looking for?

သတင်း

မတရားအသတ်ခံရမှုနှင့် စစ်​ကောင်စီကိုဆန်ကျင်​ကြောင်း ဘန်​ကောက်သံရုံး​​ရှေ့တွင်ထိုင်း​​ရောက်မြန်မာများဆန္ဒပြ

မတရားသတ်ဖြတ်ခံရသည့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး ၏ဓါတ်ပုံများ ကိုကိုင်​ဆောင်၍လည်း အကြမ်းဖက်စစ်​ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦး မတရားသတ်ဖြတ်ခံရသည့်အပေါ်ရှုတ်ချကြောင်း ထိုင်းရောက်မြန်မာများက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြခဲ့ကြသည်။

အလုပ်ဖွင့်ရက်ဖြစ်သော်လည်း လူဦးရေ ရာနှင့်ချီ လာရောက်ပူးပေါင်းခဲ့ပြီး မိုးရွာနေသည့်ကြားမှ တစ်နာရီကျော်ကြာ ဆန္ဒပြပွဲကို ဆင်နွှဲခဲ့ကြသည်။

မတရားသတ်ဖြတ်ခံရသည့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦး ၏ဓါတ်ပုံများ ကိုကိုင်​ဆောင်၍လည်း အကြမ်းဖက်စစ်​ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြသည်။

‘ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး’၊ ‘ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး’၊ ‘ဆန္ဒ ဆန္ဒ ပြ ပြ’ ‘ငါတို့အစိုးရ ဘယ်သူလဲ NUG NUG’၊ ‘မြန်မာသံရုံး အလိုမရှိ အလိုမရှိ’၊ ‘မအေလိုး မင်းအောင်လှိုင် မင်းအောင်လှိုင် မအေလိုး’၊ ‘၈၈က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့’ ၊ ‘မင်းတို့ဦးနှောက် ၈၈ ငါတို့ ဦးနှောက် ၂၁’ ၊ ‘စစ်အာဏာရှင် အလိုမရှိ အလိုမရှိ’၊ ‘ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့’ ၊’အရေးတော်ပုံ အောင်ရမည်’ စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။