Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း

အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများက ပြင်းထန်စွာ ရှုတ်ချကြသော်လည်း ကြီးလေးသည့်ရာဇဝတ်မှုဖြစ်ကြောင်း မလေးရှားက ပထမဆုံးထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော
စစ်တပ်၏ ကွပ်မျက်မှု လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

●စစ်ကောင်စီကို အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးအားလုံးသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှု(Crime Against Humanity)ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက် ခြင်းနှင့်ပတ်သက်၍ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများက ပြင်းထန်စွာ ရှုတ်ချကြသော်လည်း ကြီးလေးသည့်ရာဇဝတ်မှုဖြစ်ကြောင်း မလေးရှားက ပထမဆုံးထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်ခဲ့ခြင်းသည် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို သရော်လှောင်ပြောင်းခြင်းဖြစ် ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယနေ့ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်ကတည်းက မလေးရှားအစိုးရအဖွဲ့သည် အရေးကြီးသည့်အကြောင်းအရာနှစ်ရပ်ကို ဆုံးဖြတ်ခဲ့ပြီး ယင်းတို့မှာ အာဆီယံ၏ဝန်ကြီးအဆင့်အစည်းအဝေးအားလုံးသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးရန်နှင့် ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရေး ရှင်းလင်းပြတ်သားသည့် နောက်ဆုံးအဆင့်မူဘောင်လိုအပ်မှုတို့ဖြစ်ကြောင်း ဝန်ကြီးကအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အကြောင်းအရာ များစွာကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မလေးရှားသည် စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့ခြင်းအား ရှုတ်ချကြောင်း ကုလအထူးကိုယ်စားလှယ် Dr. Noeleen Heyzer နှင့်တွေ့ဆုံစဉ် မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook