Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို တရားဝင်မှုနှင့် လက်နက်ထောက်ပံ့ခြင်းများ လုံးဝရပ်တန့်အောင် အိန္ဒိယအစိုးရကိုဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀နီးပါး တိုက်တွန်း

အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်)

အိန္ဒိယအစိုးရက မြန်မာဖက်ဆစ်စစ်အုပ်စုကို နိုင်ငံရေးတရား၀င်မှုပေးခြင်းနှင့် လက်နက်ထောက်ပံ့မှုများ လုံးဝရပ်တန့်အောင် ဖိအားပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၈၃ဖွဲ့က ထုတ်ပြန်တိုက်တွန်းသည်။

အိန္ဒိယနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသို့ မြန်မာပြည်သူများ၏ အိတ်ဖွင့်ပေးစာတွင် ထည့်သွင်းတိုက်တွန်းခြင်းဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာဖက်ဆစ်စစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်အောင်ဖိအားပေးရန်လည်း ပါဝင်သည်။

အိန္ဒိယပြည်သူများအနေဖြင့် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသရန်၊ မြန်မာဖက်ဆစ်စစ်အုပ်စုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်း စာနာမှုဖြင့် ဝိုင်းဝန်းကူညီရန်နှင့် ၎င်းတို့ကို အိန္ဒိယအစိုးရမှ လူသားချင်းစာနာမှုအကူအညီပေးအောင် တိုက်တွန်းရန် အချက်များကိုလည်း ထည့်သွင်းတောင်းဆိုသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး တစ်နှစ်ကျော် ကြာကာလအတွင်း စက်ဆုတ်ရွံ့ရှာဖွယ် မုဒိန်းမှုကို လက်နက်သဖွယ်အသုံးပြုခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းမျိုးစုံ အသုံးပြု၍ ဒီမိုကရေစီ လိုလားသော ပြည်သူများအပေါ် ထိန်းချုပ်အုပ်ချုပ်နိုင်ရန် ကြိုးစားလာခဲ့သော်လည်း ‘လုံးဝအုပ်ချုပ်ခွင့်မရ’ ပေ။

ထို့အပြင် ပြည်သူများက စည်းလုံးညီညာစွာဖြင့် မိမိကိုယ်ပိုင် ယှဉ်ပြိုင်အစိုးရ အောင်မြင်စွာ တည်ဆောက်လာခြင်းကြောင့် စစ်တပ်သည် တရားဝင်မှုကင်းမဲ့သည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။