Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်နယ်မှ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို KIA/PDF တပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။

အင်းတော်နယ်
အင်းတော်နယ်

ယမန်နေ့ (ဇူလိုင် ၂၇ရက်) ညပိုင်းက အင်းတော်မြို့နယ် မော်လူးနှင့် နဘားကြားရှိ KTV၌ သောက်စားပြီး ငွေညစ်လာသည့် တပ်မ(၈၈) လက်အောက်ခံတပ်ရင်း (၄၁၆)မှ တပ်သားချမ်းအေးနှင့် တပ်ကြပ် သူရအောင်အား KIA+PDF တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုအတွင်း တပ်သားချမ်းအေးကို အရှင်ဖမ်းမိပြီး တပ်ကြပ်ဖြစ်သူမှာ သေဆုံးသွားကြောင်း ဖော်ပြကာ အင်တာနက်လိုင်း အဆင်ပြေပါက ဓာတ်ပုံဖော်ပြပေးမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။