Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ်မှ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို KIA/PDF တပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။

အင်းတော်နယ်
အင်းတော်နယ်

ယမန်နေ့ (ဇူလိုင် ၂၇ရက်) ညပိုင်းက အင်းတော်မြို့နယ် မော်လူးနှင့် နဘားကြားရှိ KTV၌ သောက်စားပြီး ငွေညစ်လာသည့် တပ်မ(၈၈) လက်အောက်ခံတပ်ရင်း (၄၁၆)မှ တပ်သားချမ်းအေးနှင့် တပ်ကြပ် သူရအောင်အား KIA+PDF တပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုအတွင်း တပ်သားချမ်းအေးကို အရှင်ဖမ်းမိပြီး တပ်ကြပ်ဖြစ်သူမှာ သေဆုံးသွားကြောင်း ဖော်ပြကာ အင်တာနက်လိုင်း အဆင်ပြေပါက ဓာတ်ပုံဖော်ပြပေးမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook