Connect with us

Hi, what are you looking for?

သတင်း

“ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ”ဟု ကြွေးကြော်ချီတက်သည့် ချင်းတွင်းမြစ်သပိတ်

ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Aung Khant Zaw
ဓာတ်ပုံ - Aung Khant Zaw

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာတစ်ရွာ တွင် သပိတ်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ ရဲဘော်လန်ဒန် ကျဆုံးခြင်း အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြ​ည်သူများက “ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ” ဆိုသည့် ခေါင်းစည်းစာတန်း ကို ကိုင်ဆောင်၍ ကျဆုံးသွားသည့် ရဲဘော်လန်ဒန်နှင့် အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးနီပြုခဲ့ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်သံ များဖြင့် ချီတက်ခဲ့ကြသည်။

ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။