Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ”ဟု ကြွေးကြော်ချီတက်သည့် ချင်းတွင်းမြစ်သပိတ်

ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Aung Khant Zaw
ဓာတ်ပုံ - Aung Khant Zaw

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာတစ်ရွာ တွင် သပိတ်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ ရဲဘော်လန်ဒန် ကျဆုံးခြင်း အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြ​ည်သူများက “ရဲဘော်လန်ဒန် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ” ဆိုသည့် ခေါင်းစည်းစာတန်း ကို ကိုင်ဆောင်၍ ကျဆုံးသွားသည့် ရဲဘော်လန်ဒန်နှင့် အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးနီပြုခဲ့ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်သံ များဖြင့် ချီတက်ခဲ့ကြသည်။

ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ယင်းရေယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သတင်း

ကနီမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းကလည်း မြို့ပေါ်မှ စစ်ကောင်စီစခန်း သုံးနေရာထက်မနည်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်ကောင်စီရေယာဥ်များပေါ်၌ သစ်များအပြင် ပြည်သူများထံမှ လုယူလာသောပစ္စည်းများ၊ နွားများလည်း တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။