Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ကွပ်မျက်မှုကို ပြင်းထန်စွာရှုတ်ချပြီး ထပ်မံမလုပ်ဆောင်ရန် G7 နိုင်ငံခြားရေးဝန်ကြီးများတောင်းဆို

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

စစ်ကောင်စီ၏ သေဒဏ်ပေးကွပ်မျက်မှုကို ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)က ပြင်းထန်စွာရှုတ်ချလိုက်ပြီး ထပ်မံ၍ ထင်တိုင်းကြဲကွပ်မျက်မှုများကို ရှောင်ကြဉ်ရန် တောင်းဆိုလိုက်သည်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့က ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်၌ မြန် မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆက်လက်၍ အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်၊ ဦးလှမျိုးအောင်တို့၏ မိသားစုဝင်များ၊ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုအပြီးကတည်းက သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူ သို့မဟုတ် နှိပ်စက်ခံရသူအားလုံး၏ မိသားစုဝင်များနှင့် အတူခံစားရကြောင်း G7 နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်သည်။

ထို့နောက် နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများအပေါ် အထက်ပါ G7 နိုင်ငံခြားရေးဝန်ကြီးများက လွန်စွာစိုးရိမ်ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် အကြမ်းဖက်မှုများလုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ရန်၊ ထပ်မံ၍ ထင်တိုင်းကြဲကွပ်မျက်မှုများကို ရှောင်ကြဉ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် တရားလက်လွတ်ထိန်းသိမ်းဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန်စသည့် အချက်များကို ဆက်လက်တောင်းဆိုသည်။

G7 နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနှင့် ကုလသမဂ္ဂ၏ မြန်မာ့အရေးကြိုးပမ်းအားထုတ်မှုများကို ဆက်လက်အားပေးထောက်ခံပြီး မြန်မာစစ်တပ်အနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအကောင်အထည်ဖော်ရန် တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။