Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူပူး​ပေါင်းတပ်ကို က​လေး-တမူးကားလမ်းပိုင်းတွင်မိုင်းဆွဲတိုက်ခိုက် ၁၀ဦးထက်မနည်​သေဟုက​လေးPDF​ပြော

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(ကလေးမြို့နယ်နတ်ချောင်းရွာမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)
(ကလေးမြို့နယ်နတ်ချောင်းရွာမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကလေး-တမူးကားလမ်းပိုင်းတွင်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူဆယ်ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

“မိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်တွေကိုကောင်းကောင်းထိတယ်။ စစ်ခွေးနဲ့ပျူဆယ်ယောက်ထက်မနည်းဘူး သေတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် ကံပုလဲကျေးရွာမှ နံနက် ၅နာရီခန့်တွင် ထွက်လာကြောင်းသတင်းရရှိပြီးနောက်ကလေး-တမူးလမ်း ၅၆မိုင်အနီးတွင် PDFများကမိုင်းထောင်ပြီးအချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်ပြီးမကြာမီစစ်ကောင်စီတပ်ကားများထပ်မံ ရောက်လာ၍ ဆုတ်ခွာခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇူလိုင် ၂၁ရက်ကလည်းကလေးမြို့နယ်၊ကင်မွန်းခြုံရွာတွင် စစ်ကောင်စီတပ်နှင့်ပျူ​စောထီးများကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့နှင့် ပျုစောထီးအများအပြားသေဆုံးခဲ့သည်။

ကင်မွန်းခြုံရွာတိုက်ပွဲမှ ပြန်ရောက်လာသည့် တောင်အူပြင်သာရွာမှပျူစောထီးခေါင်းဆောင်တစ်ဦးသည်တိုက်ပွဲအတွင်းပျူစောထီးအများအပြားသေဆုံးသည်ကို.တွေ့မြင်ပြီးနောက် စိတ်ကစဥ့်ကလျားဖြစ်သွားသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook