Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်အား မိုင်းအတုဖြင့်မျှားပြီး မိုင်းအစစ်ဖြင့် ဖောက်ခွဲတို​က်ခိုက်

မိုင်းအတုမှန်းသိ၍ ပစ်ခတ်ပြီးအပြန် မိုင်းအစစ် နားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း YRGက ပြောသည်။

အယောင်ပြထောင်ခဲ့သည့် မိုင်းအတုနှင့် ဖောက်ခွဲခဲ့သည့် မိုင်းအစစ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-YRG
အယောင်ပြထောင်ခဲ့သည့် မိုင်းအတုနှင့် ဖောက်ခွဲခဲ့သည့် မိုင်းအစစ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-YRG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းအတုဖြင့် မျှားခေါ်ပြီး မိုင်းအစစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Yesagyo Revolution Group – YRG အဖွဲ့က ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်) နံနက် ၁၁ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာအနီးရှိ Gold Power ဆီဆိုင်ရှေ့ လမ်းမပေါ်တွင် Yesagyo Revolution Group – YRG အဖွဲ့က မိုင်းအတု တစ်လုံးကို ထားခဲ့သည်။

ရှေ့ထွက်မိုင်းအစစ်အသေးစားတစ်လုံးကိုမူ ထိုဆီဆိုင်နှင့် ပခုက္ကူGTC (နည်းပညာ)ကျောင်း လမ်းကြားတစ်နေရာတွင် အရန်သင့်ထောင်ထားခဲ့ကြောင်း YRGက ပြောသည်။

ညနေ ၃နာရီခွဲခန့်တွင် GTC ကျောင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုင်းအတုကို သေနတ်ဖြင့် အချက်ပေါင်း ၅၀ နီးပါး လာရောက်ပစ်ခတ်ခဲ့ကြသည်ဟု YRGက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းအတုမှန်းသိ၍ ပစ်ခတ်ပြီးအပြန် မိုင်းအစစ် နားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း YRGက ပြောသည်။

အဆိုပါ ရှေ့ထွက်မိုင်းအသေးစားသည် ဖြတ်သွားဖြတ်လာ ပြည်သူများနှင့် လွန်စွာနီးကပ်သွားသောကြောင့် အနည်းငယ်လွဲဲပြီး ဖောက်ခွဲလိုက်ရ၍ အကြမ်းဖက်စစ်သားများ ပွဲချင်းပြီး မသေဆုံးခြင်းဖြစ်ကြောင်း YRGက ဆိုသည်။

ထိခိုက်သွားသည့် စစ်ကောင်စီတပ်သားများကို ပခန်းကြီးဆေးရုံသို့ပို့ဆောင်ကုသနေပြီး ထပ်မံစုံစမ်းနေသည်ဟု YRGက ပြောသည်။

အဆိုပါစစ်ဆင်ရေးအားYRGနှင့်အတူ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDF နှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လက်နက်ခဲယမ်းဖိုးများ နိုင်သရွေ့ပါဝင်ကူညီလှူဒါန်းပေးပါရန် Yesagyo Revolution Group – YRG အဖွဲ့က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု​တွေကို ခံခဲ့ရတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။