Connect with us

Hi, what are you looking for?

သတင်း

မင်းရွာတိုက်ပွဲတွင် ၁၀ဦးထက်မနည်းသေဆုံးပြီးနောက် စစ်ကောင်စီတပ် ရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေ ဆုံးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်လေးစီးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

“Mi-17 လေယာဥ်တွေ ။တောင်နယ် မင်းရွာနဲ့ မင်းရွာ တဝိုက်ကို Mi-35 တစီးနဲ့ လေးခေါက်ပြန်ဝဲပြီး ပစ်သွားပါတယ်။ နေရာကျယ်တော့ ပြည်သူထိခိုက်မှုတော့ မသိရသေးပါဘူး။ မြောက်နယ် ဘောင်းကျကို သုံးစီးလာပါတယ်။ ဘောင်းကျအနီး မူးဘောင်ရှိပါတယ်၊ အဲ့ဒီတောခြေတဝိုက်ကို ပတ်ပစ်သွားတာပါ။တစီးက ပစ်ပြီး အရင်ပြန်သွားတယ်ဗျ၊ နှစ်စီးက မူးကမ်းလေးဘက်မှာ ခွေးအင်အားချသွားသေးတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူထူနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရဟတ်ယာဥ်များအသုံးပြုပစ်ခတ်မှုသည် ယနေ့ မင်းရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေ ဆုံးသူများပြားသဖြင့် တပ်ကူပစ်အား အသုံးပြုခြင်းဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာကိုမူ အကြောင်းမဲ့ ပစ်ခတ်ခြင်းဟု သိရသည်။

အရာတော်မြို့နယ်တောင်ဘက်ကို အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုးနေစဥ် အရာတော်မြို့ပေါ်အမှတ် (၂) စာသင်ကျောင်းရှေ့၌ လုံခြုံရေးထားသည့် စစ်ကောင်စီအဖွဲ့များကို ယနေ့ (သြဂုတ် ၄ရက်)တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက လျှပ်တပြက်ပြောက်ကျား တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အရာတော်ပို့စ်က အသိပေးထားသည်။

ယခုလ ၂ ရက်ကစ၍ အရာတော်မြို့နယ် တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုခွဲ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။