Connect with us

Hi, what are you looking for?

သတင်း

မင်းရွာတိုက်ပွဲတွင် ၁၀ဦးထက်မနည်းသေဆုံးပြီးနောက် စစ်ကောင်စီတပ် ရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မင်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေ ဆုံးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်လေးစီးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

“Mi-17 လေယာဥ်တွေ ။တောင်နယ် မင်းရွာနဲ့ မင်းရွာ တဝိုက်ကို Mi-35 တစီးနဲ့ လေးခေါက်ပြန်ဝဲပြီး ပစ်သွားပါတယ်။ နေရာကျယ်တော့ ပြည်သူထိခိုက်မှုတော့ မသိရသေးပါဘူး။ မြောက်နယ် ဘောင်းကျကို သုံးစီးလာပါတယ်။ ဘောင်းကျအနီး မူးဘောင်ရှိပါတယ်၊ အဲ့ဒီတောခြေတဝိုက်ကို ပတ်ပစ်သွားတာပါ။တစီးက ပစ်ပြီး အရင်ပြန်သွားတယ်ဗျ၊ နှစ်စီးက မူးကမ်းလေးဘက်မှာ ခွေးအင်အားချသွားသေးတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူထူနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ရဟတ်ယာဥ်များအသုံးပြုပစ်ခတ်မှုသည် ယနေ့ မင်းရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေ ဆုံးသူများပြားသဖြင့် တပ်ကူပစ်အား အသုံးပြုခြင်းဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာကိုမူ အကြောင်းမဲ့ ပစ်ခတ်ခြင်းဟု သိရသည်။

အရာတော်မြို့နယ်တောင်ဘက်ကို အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုးနေစဥ် အရာတော်မြို့ပေါ်အမှတ် (၂) စာသင်ကျောင်းရှေ့၌ လုံခြုံရေးထားသည့် စစ်ကောင်စီအဖွဲ့များကို ယနေ့ (သြဂုတ် ၄ရက်)တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက လျှပ်တပြက်ပြောက်ကျား တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အရာတော်ပို့စ်က အသိပေးထားသည်။

ယခုလ ၂ ရက်ကစ၍ အရာတော်မြို့နယ် တောင်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုခွဲ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၇)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။