Connect with us

Hi, what are you looking for?

ဗီဒီယို

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

ရန်ကုန်မြို့၊အောင်ဆန်းကွင်းပတ်လည်မှာရှိတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဂိတ်တွေကို ဒီကနေ့သြဂုတ် ၄ ရက်ကစပြီး အကန့်အသတ်မရှိပိတ်ခိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ဒီလိုပိတ်သိမ်းခဲ့ခိုင်းပေမယ့် ရက်ပိုင်းအကြာမှာပဲ ပြန်လည်ဖွင့်ခွင့်ပေးခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ အချိန်အကန့်အသတ်မရှိပိတ်ခိုင်းတာဖြစ်ပြီး ပြန်ဖွင့်ခွင့်ရချင်မှလည်းရမယ်လို့ ကားဂိတ်တစ်ခုက ဝန်ထမ်းကပြောပါတယ်။

အောင်ဆန်းကွင်းက မြို့လယ်မှာရှိတာကြောင့် အောင်မင်္ဂလာအဝေးပြေးအထိပို့ရတာထက်စာရင် အချိန်ကုန် သက်သာသလို တော်တော်အဆင်ပြေတယ်လို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ဆောင်သူတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

အောင်ဆန်းကွင်းဂိတ်တွေကို ပိတ်လိုက်ရတာကြောင့် ပစ္စည်းရောက်ရှိချိန် ရက်ကြာခဲ့ရင် နားလည်ပေးကြဖို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသူအချို့က ဖေ့စ်ဘွတ်ခ်ကနေအသိပေးလာတာတွေရှိနေပါတယ်။

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေကနေ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook