Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းအား ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့ သတိပေး

အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းကို ညပိုင်းအချိန်တွင် အသွားအလာ ခေတ္တရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က သြဂုတ် ၅ရက် ညတွင် သတိပေးကြေညာသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပျူနှင့် စစ်ကောင်စီသတင်းပေးများ သွားလာနေသောကြောင့် မြစ်ဘေးရှိ ဒေသခံပြ​ည်သူများအနေဖြင့် စစ်ရေးနားစွင့်ကာ သတိဝိရိယရှိရန်နှင့် ရေကြောင်းအသုံးပြုမှုကို ည၈နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း အရေးပေါ်ကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုဘဲ ရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က မေတ္တာရပ်ခံသည်။

ယခုကြေညာချက်သည် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ကူကြီး၊ ရေလမော်၊ ငါးပတ်ချောင်း၊ သရက်ပင်ဆိပ်၊ မှော်ဦး၊ အင်ဒေါင်း၊ ရွာသာ၊ ကမ်းဖြူ၊ ရွာသစ်အထိ အကျုံးဝင်ကြောင်း GZ Special Task Force – Wetlet အဖွဲ့က အသိပေးသည်။

အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(သြဂုတ်လ၅ရက်) နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း၊ စဥ်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိငါးပါတ်ချောင်း၊ကမ်းဖြူ၊အင်ဒေါင်း စသည့်ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် အင်ဒေါင်းကျေးရွာက ပြည်သူ(၃)ဦး လက်နက်ကြီးထိမှန်ခဲ့ကာ မစိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။