Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တန်းတူ၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးမှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို
စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

လာမည့် ဩဂုတ် ၈ ရက်တွင် ကျရောက်မည့် (၃၄)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအ ရေးတော်ပုံနေ့ အထိမ်းအမှတ်သဘောထား ထုတ်ပြန်ခြင်းဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက်၊ခန္ဓာ၊ ဘဝများ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုကြောင်းဖော်ပြသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာတာဝန်ထမ်းလျက် အစွမ်းကုန်ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမည်ဟု DPNS က ထုတ်ပြန်သည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုင်ရာ ပြဿနာရပ်များကို ဒီမိုကရေစီနည်းကျ မှန်ကန်စွာ၊ ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်လျက် စစ်အုပ်စုသည် တဖက်သတ် အဓမ္မ အနိုင်ကျင့်ရန် အားထုတ်မှုများကြောင့် ခေတ်အဆက်ဆက်လူထုတိုက်ပွဲများနှင့် လက်နက်ကိုင်ခုခံစစ်များ ပေါ်ပေါက်ကြရခြင်းဖြစ်သည်ဟု DPNS က အခိုင်အမာယုံကြည်သည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

ဒေါ့ဆူရီဟာ Category 4 အဆင့် စူပါတိုင်ဖွန်း တစ်ခုအဖြစ် အားကောင်းလာနိုင်ပြီး ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြားက ဘာရှီ ရေလက်ကြားကို ဖြတ်သန်းမယ်လို့ ယူဆရပါတယ်။ အဲဒီလမ်းကြောင်းအရ မုန်တိုင်းရဲ့ ပြင်းထန်မှုဟာ ထိုင်ဝမ်အပေါ် သေသေချာချာ သက်ရောက်ထိခိုက်စေမယ့် သဘောပါပဲ။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။