Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တန်းတူ၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးမှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို
စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

လာမည့် ဩဂုတ် ၈ ရက်တွင် ကျရောက်မည့် (၃၄)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအ ရေးတော်ပုံနေ့ အထိမ်းအမှတ်သဘောထား ထုတ်ပြန်ခြင်းဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက်၊ခန္ဓာ၊ ဘဝများ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုကြောင်းဖော်ပြသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာတာဝန်ထမ်းလျက် အစွမ်းကုန်ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမည်ဟု DPNS က ထုတ်ပြန်သည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုင်ရာ ပြဿနာရပ်များကို ဒီမိုကရေစီနည်းကျ မှန်ကန်စွာ၊ ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်လျက် စစ်အုပ်စုသည် တဖက်သတ် အဓမ္မ အနိုင်ကျင့်ရန် အားထုတ်မှုများကြောင့် ခေတ်အဆက်ဆက်လူထုတိုက်ပွဲများနှင့် လက်နက်ကိုင်ခုခံစစ်များ ပေါ်ပေါက်ကြရခြင်းဖြစ်သည်ဟု DPNS က အခိုင်အမာယုံကြည်သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။