Connect with us

Hi, what are you looking for?

သတင်း

စံပြ(၆)မိုင်အနီး စစ်ကောင်စီတပ်သားအလောင်းလေးလောင်း လာကောက်ယူ သော တပ်ကူ ထပ်မံတိုက်ခိုက်ခံရသဖြင့် ကစဉ့်ကလျားထွက်ပြေးသွားဟု KPDF ထုတ်ပြန်

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF
ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF

ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင် ကျေးရွာအနီး စစ်ကောင်စီတပ်သားလေးဦး မိုင်းထိမှန်သေဆုံးပြီး အလောင်းလာရောက်ကောက်ယူသော တပ်ကူပါ လက်နက်ကြီးများဖြင့် ထပ်မံတိုက်ခိုက်ခံရသဖြင့် ကစဉ့်ကလျား ထွက်ပြေးသွား ရကြောင်း Karenni PDFက ယနေ့(သြဂုတ် ၆ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၅ ရက်)က ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာ စဉ် မိုင်းမိခဲ့သည်ဟု ဆိုသည်။

ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF
ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ – KPDF

ထိုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်းလေး လောင်းကို စစ်ကောင်စီ တပ်က လာရောက်ယူဆောင်စဥ် ပြည်သူ့ကာကွယ်ရေး တပ်များမှ လက်နက်ကြီး(၆၀) မမ များဖြင့် ထက်မံတိုက်ခိုက်ရာ ဒဏ်ရာရသူများ များပြားခဲ့ပြီး ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ရ ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ခရစ်ယာန်ဘုရားကျောင်းအတွင်း ပြေးဝင်တပ်စွဲသွားသည့် စစ်ကောင်စီတပ်ကို KPDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ များမှ သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့အထိ စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လျက်ရှိကြောင်း KPDF က ပြောသည်။

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။