Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို
စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေသည့် နိုင်ငံများကို လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့် ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှတဆင့် ထပ်မံတောင်းဆို လိုက်သည်။

နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှုများ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညီလာခံကျင်းပနေရာ ဩဂုတ် ၄ ရက်တွင် မြန်မာသံအမတ်ကြီးက အထွေထွေရေးရာမိန့်ခွန်းပြောကြားစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းမရောင်းချရန် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့က ဆုံးဖြတ်တိုက်တွန်းထားပြီးဖြစ်သည်။ သို့သော် ရုရှားအပါအဝင် အဖွဲ့နိုင်ငံအချို့က အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက်ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် အရပ်သားအစိုးရသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဆိုင်ရာ ကတိကဝတ်များအား ဆက်လက်၍ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည်ကို ထပ်လောင်းအတည်ပြုပြီး နျူကလီးယားကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ယခုညီလာခံမှ ကောင်းမွန်သည့် ရလဒ်ကောင်းများ ထွက်ပေါ်သည်အထိ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းကြရန် အဖွဲ့ဝင်နိုင်ငံများကို ၎င်းက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။