Connect with us

Hi, what are you looking for?

News

စစ်​ဆေး​ရေးဂိတ်နားကျမှ ပြန်လှည့်ထွက်တဲ့ကားကိုပစ်ခတ်

“ဖမ်းလို့မမိပါဘူး။ ဂိတ်မှာလုံခြုံရေးလုပ်ထားတာ သူကရောက်တယ်ဆိုတာနဲ့ ပြန်လှည့်ပြီးတော့ ပြေးတာ။ ကျနော်တို့လိုက်တာရော မမိဘူးရော။ ကျနော်တို့ဇုန်နားအထိ ရောက်ခဲ့တယ်” လို့ နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။

People's Spring
People's Spring

ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီကနေ့ည ၉ နာရီခွဲအချိန်က အပြင်ထွက်လာတဲ့ ကားတစ်စီးကို နယ်ခြားစောင့်တပ် (BGF) က လိုက်လံပစ်ခတ်ခဲ့တယ်လို့ ကြားသိရပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြ၀တီမြို့မှာ အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့၀င်တွေက မြို့တွင်းလမ်းပေါ် ဂိတ်ချပြီး လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်ဖြစ်ပွားခဲ့တာပါ။ ကားတစ်စီးက စစ်ဆေးရေးဂိတ်နားရောက်ခါနီးမှ ပြန်လှည့်ထွက်သွားလို့ လိုက်လံပစ်ခတ်ဖမ်းဆီးရခဲ့တယ်လို့ BGF က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖမ်းလို့မမိပါဘူး။ ဂိတ်မှာလုံခြုံရေးလုပ်ထားတာ သူကရောက်တယ်ဆိုတာနဲ့ ပြန်လှည့်ပြီးတော့ ပြေးတာ။ ကျနော်တို့လိုက်တာရော မမိဘူးရော။ ကျနော်တို့ဇုန်နားအထိ ရောက်ခဲ့တယ်” လို့ နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။

မြ၀တီမြို့ခံတစ်ဦးရဲ့ပြောကြားချက်အရကတော့ မောင်းနှင်ထွက်ပြေးသွားတဲ့ကားရဲ့ နောက်ကို နယ်ခြားစောင့်တပ်ကားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကားအနောက်ကနေလိုက်ပြီး မြ၀တီ ကုန်သွယ်ရေးဇုန်နားအထိ လိုက်ဖမ်းခဲ့​ပေမယ့် ဖမ်းလို့မမိဘူးလို့ အဲ့ဒီနယ်ခြားစောင့်တပ်အရာရှိရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။