Connect with us

Hi, what are you looking for?

သတင်း

လက်နက်ထုတ်လုပ်စဥ်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်သုံးဦး ပြန်လည်တိုက်ပွဲဝင် နေပြီဟု The Youth Force (Saw&Kyaukhtu) အသိပေး

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်တိုက် ခိုက်ကြရာတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိသည်။

လက်နက်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်စဥ်မတော်တဆ ပေါက်ကွဲမှု ကြောင့် ဒဏ်ရာရရှိခဲ့သော ရဲဘော်သုံးဦးမှာ ပြန်လည်တိုက်ပွဲဝင်နေပြီး တော်လှန်ရေးသူရဲကောင်းများအဖြစ်ဂုဏ်ပြုကြောင်း The Youth Force (Saw&Kyaukhtu)က ယနေ့(သြဂုတ် ၇ရက်)ထုတ်ပြန်သည်။

လက်နက်အင်အား သာလွန်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ရင်ဆိုင် တိုက်ခိုက်နိုင်ရေး တစ်ထောင့်ထိုး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဖောက်ခွဲရေးမိုင်းများကို ကိုယ်တိုင် ထုတ်လုပ်အသုံးပြုရပြီးနောက် နည်းပညာ ဆိုင်ရာလိုအပ်ချက်များကြောင့် တပ်ဖွဲ့ဝင်ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ဆိုသည်။

အဆိုပါ ရဲဘော်သုံးဦးသည် ယနေ့အချိန်တွင် ဆေးဝါးကုသမှုခံယူကြပြီး သက်သာပျောက်ကင်းခဲ့ပြီး ပြန်လည်၍ တိုက်ပွဲဝင်နေကြောင်း The Youth Force (Saw&Kyaukhtu) တာဝန်ရှိသူက အသိပေးသည်။

လက်နက်ထုတ်လုပ်စဥ်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်သုံးဦး ပြန်လည်တိုက်ပွဲဝင် နေပြီဟု The Youth Force (Saw&Kyaukhtu) အသိပေး
လက်နက်ထုတ်လုပ်စဥ်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်သုံးဦး ပြန်လည်တိုက်ပွဲဝင် နေပြီဟု The Youth Force (Saw&Kyaukhtu) အသိပေး

“ရခဲ့တဲ့ဒဏ်ရာတွေက တော်တော်များတယ်။အခုတော့ တပ်ဖွဲ့တာဝန်တွေ ပြန်လည်ထမ်း ဆောင်နေပြီ”ဟု ၎င်းက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲ များတွင် The Youth Force (Saw &Kyaukhtu) ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးတစ်ယောက်မှ ကျဆုံးခဲ့ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်တိုက် ခိုက်ကြရာတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။