Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် အင်အား ၈၀ ကျော်ပါ စစ်ကြောင်းကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်မှ သေဆုံးမှု များနိုင်

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

●ဖားကန့် ဆယ်ဇင်း ဒေသ စစ်ကောင်စီတပ်စခန်း ၂ခုကို KIA ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊စစ်သားနှင့်ပြည်သူ့စစ်​​သေဆုံးမှုများပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ဗန်းမောက် တောင်ပိုင်း ဒယူးတောင်လယ် သက္ကယ်တောင်အနီး၌ စစ်အင်အား ၈၀ ကျော်ခန့်ကို ဩဂုတ် ၇ရက် ညပိုင်းက KIAနှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖစ်သည်ဟု ဆိုသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးထိခိုက်နိုင်ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဟု အသိပေးထားသည်။

ယမန်နေ့ညပိုင်း (ယနေ့နံနက်အစောပိုင်း)ကလည်း စစ်ကိုင်းတိုင်း နှင့် ကချင် ပြည်နယ် အစပ်ရှိ ဆယ်ဇင်းဒေသမှ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်း နေရာယူထားသည့် တပ်စခန်း ၂ခုကို KIAကဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကချင်ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

“သိမ်းတော့ သိမ်းလိုက်ပြီ။ စခန်း ၂ခု တစ်ပြိုင်တည်း ဝင်တိုက်တာ။ တော်တော်လေး ကျတယ်လို့လည်း ကြားတယ်။ SNA တွေ ပါတယ်။ အခုက ပေါင်းထိုင်ကြတာ ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့” ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။