Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် အင်အား ၈၀ ကျော်ပါ စစ်ကြောင်းကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်မှ သေဆုံးမှု များနိုင်

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

●ဖားကန့် ဆယ်ဇင်း ဒေသ စစ်ကောင်စီတပ်စခန်း ၂ခုကို KIA ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊စစ်သားနှင့်ပြည်သူ့စစ်​​သေဆုံးမှုများပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ဗန်းမောက် တောင်ပိုင်း ဒယူးတောင်လယ် သက္ကယ်တောင်အနီး၌ စစ်အင်အား ၈၀ ကျော်ခန့်ကို ဩဂုတ် ၇ရက် ညပိုင်းက KIAနှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖစ်သည်ဟု ဆိုသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးထိခိုက်နိုင်ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဟု အသိပေးထားသည်။

ယမန်နေ့ညပိုင်း (ယနေ့နံနက်အစောပိုင်း)ကလည်း စစ်ကိုင်းတိုင်း နှင့် ကချင် ပြည်နယ် အစပ်ရှိ ဆယ်ဇင်းဒေသမှ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်း နေရာယူထားသည့် တပ်စခန်း ၂ခုကို KIAကဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကချင်ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)
(KIA တပ်ဖွဲ့ဝင်နှင့် ကချင်​ဒေသPDF များပုံ​ဟောင်းဖြစ်ပါသည်)

“သိမ်းတော့ သိမ်းလိုက်ပြီ။ စခန်း ၂ခု တစ်ပြိုင်တည်း ဝင်တိုက်တာ။ တော်တော်လေး ကျတယ်လို့လည်း ကြားတယ်။ SNA တွေ ပါတယ်။ အခုက ပေါင်းထိုင်ကြတာ ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့” ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။