Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင်စစ်​ကောင်စီတပ်ကို ၁၄ ကြိမ်ထက်မနည်းတိုက်ခိုက်ရာစစ်သား ၁၂ဦး​သေဟု ​ချောင်းဦးPDF ​ပြော

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(​ချောင်းဦး PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CHU PDF)
(​ချောင်းဦး PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CHU PDF)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်အား ယမန်နေ့တစ်ရက်တည်း ၁၄ ကြိမ်ထက်မနည်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၈ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က ချောင်းဦးမြို့မှ အကြမ်းဖက်စစ်တပ်အင်အား ၅၀ ခန့်သည် Jammerကား၊ သံပြားကာ ကားကြီး ၂စီးဖြင့် ချောင်းဦး-အမြင့်လမ်းခွဲအနောက်ဘက် သမန္တဇာဘုရားအနီး ကြေးနီတံတားသို့ ရောက်ရှိလာခဲ့သည်။

နံနက် ၆ နာရီ ၁၅မိနစ်ခန့်တွင် အင်အား ၇၀ခန့်ဖြင့် Fawကား၊ အိမ်စီးကားဖြူ တစ်စီးနှင့် ဆိုင်ကယ်များဖြင့် ကြေးနီတံတားသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း၊ စုစုပေါင်း အင်အား ၁၂၀ ခန့်သည် ချောင်းဦး-အမြင့်လမ်း၏ တောင်ဘက်မှခွဲ၍ ပေါက်ပင်ရွာအရှေ့ဘက် ဝက်ထိုးကွင်းနှင့် ငအိုးကြီးကွင်းဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

ငအိုးကြီးကွင်းဘက်ရှိ လယ်စောင့်တဲတစ်လုံးနှင့် ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပေါက်ပင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာမြောက်ပိုင်းကိုဖြတ်၍ ကင်မွန်းတော်ပျူစောထီးရွာသို့ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်ချန်အင်အားများမှာ နက်တိုင်ကျောင်းအနောက်ဖက်တကြောရှိ ဒေသန္တရလက်လုပ်မိုင်းများကို Jammer များဖြင့်ဖြုတ်ယူလျက် ကျန်ရစ်ကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ချောင်းဦးမြို့မှ ကင်မွန်းတော်ပျူစောထီးရွာအထိ CHU PDF တပ်ခွဲ၄၏ မိုင်းဆွဲတိုက်ခိုက်မှု ၃ကြိမ်၊ တပ်ခွဲ၂၏ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်မှု ၂ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်၊ CHU PDF ရွေ့လျားတပ်စိတ်နှင့် ထိတွေ့မှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မွန်းလွဲ ၂ နာရီ ၃၆ မိနစ်တွင် ကင်မွန်းတော်ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး ချောင်းဦး-အမြင့်လမ်းခွဲ၏ အနောက်ဘက် ပြည်တော်သာရိုးသို့ ညနေ ၅ နာရီ ၄၅မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့သည်။

ထိုအပြန်စစ်ကြောင်းအား CHU PDF တပ်ခွဲ ၄၏ မိုင်းဆွဲတိုက်ခိုက်မှု ၁ကြိမ်၊ တပ်ခွဲ ၂ ၏ မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ် ခံခဲ့ရပြီး အဆိုပါစစ်ကြောင်းကို လိုက်လံပို့ဆောင်သော ကင်မွန်းတော်နှင့် ကံဇီးရွာများမှ ပျူစောထီးများ၏ စစ်ကြောင်းကိုလည်း ကင်မွန်းတော်ရွာအထွက်သို့ လိုက်ပါပို့ဆောင်ပြီးအပြန်တွင် CHU PDF တပ်ခွဲ ၂၏ မိုင်းဆွဲတိုက်ခိုက်မှု တစ်​ကြိမ်ခံခဲ့ရကြောင်း၊ ချောင်းဦး PDFက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိကြောင်း၊ လက်လုပ်မိုင်း ၁၆ လုံး ဖော်ယူခံခဲ့ရသည်ဟု ဆိုသည်။

အထက်ပါဖြစ်စဥ်များအား ချောင်းဦး PDFအဖွဲ့က ဆောင်ရွက်ခဲ့ကြပြီး အထိအခိုက်မရှိကြောင်းသိရသည်။

ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ​ချောင်းဦး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။