Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်​ရှိပြည်သူများလိုက်နာရန်​လေးချက်ကိုKNDFထုတ်ပြန်

တိုက်တွန်းတောင်းဆိုချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားမည်ဟု KNDF က သတိပေးသည်။

(ဒီးမော့ဆို မြို့နယ် ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေးဆူလဲ ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေကုပ်ယူထားသည်။ ဓါတ်ပုံ-KNDF)
(ဒီးမော့ဆို မြို့နယ် ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေးဆူလဲ ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေကုပ်ယူထားသည်။ ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းစစ်ကောင်စီတပ်စွဲထား သည့် ကျေးရွာများအတွင်း ဒေသခံပြည်သူများပြန်လည်အခြေချနေထိုင်ခြင်းမပြုရန် အပါအဝင် ပြည်သူများလိုက်နာရန်အချက်​လေးချက်ကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကယနေ့(သြဂုတ်၉ရက်)တွင်ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း KNDF နှင့် မဟာမိတ် တပ်များက အကြမ်းဖက်စစ်ကောင်စီကို နေ့စဥ် နှင့်အမျှ တိုက်ခိုက်နေသည်ဟုအသိ​ပေးထားသည်။

ထို့ကြောင့် “ဒီးမော့ဆိုမြို့နယ်အတွင်း အရေးပေါ် သတိပေးထုတ်ပြန်ချက်”အဖြစ် စစ်ကြောင့်ထွက်ပြေး တိမ်ရှောင်နေရသော လူထုများ၊ကျေးရွာတွင် ပြန်လည်အခြေ ချလိုသော လူထုများအနေဖြင့် လိုက်နာရမည့်သတ်မှတ်ချက်လေးချက်ကို KNDF ကအသိပေးသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ကျေးရွာများတွင် ပြန်လည်အခြေ ချနေသော ကျေးရွာသူ၊ရွာသား များအနေဖြင့် အတက်နိုင်ဆုံးကျေးရွာများမှ ထွက်ခွာကြရန်၊အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင် များတပ်စွဲထားသည့် ကျေးရွာများတွင် ပြန်လည် အခြေ ချနေထိုင်ခြင်းမပြုလုပ်ရန်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာသူရွာသားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အချိုသတ်စည်းရုံသိမ်းသွင်းခြင်းကို အတက်နိုင်ဆုံးရှောင်ထွက်ရန် နှင့် ကျေးရွာလူကြီးအချို့နှင့်ရွာသူ၊ရွာသားအချို့မှလည်း အကြမ်းဖက်စစ်ကောင်စီ၏လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကို လုံးဝ မပြုလုပ်ရန် KNDF က တားမြစ်သည်။

“ဒေသခံတွေရှိရင်ရှိသလိုအကြမ်းဖက်စစ်ကောင်စီကရိက္ခာတွေခိုးတယ်။ပြီးတော့ ပြည်သူတွေနေအိမ်ပေါ်တပ်စွဲတာတွေရှိနေတယ်။ဒါကြောင့် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင် ကြိုတင်တိုက်တွန်းတာပါ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်တွန်းတောင်းဆိုချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားမည်ဟု KNDF က သတိပေးသည်။

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေး ရွာ၊ စံပြ (၆)မိုင် နှင့် ဘက်တလိန် ကျေးရွာတို့တွင် ယခုလ ပထမပတ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးသူများ ပြားခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။