Connect with us

Hi, what are you looking for?

သတင်း

ကချင့်အာဇာနည်နေ့သို့ NLD သဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းသည် ကချင်ပြည်သူလူထု အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာပြည်ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရး လမ်းခရီး အတွက်လည်း များစွာထိခိုက်နစ်နာခဲ့ရကြောင်း NLD ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ကချင့်အာဇာနည်နေ့သို့ NLD သဝဏ်လွှာပေးပို့
ကချင့်အာဇာနည်နေ့သို့ NLD သဝဏ်လွှာပေးပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ကျရောက် သည့် ကချင့်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ကချင်တော်လှန်ရေးခရီးကြမ်းတစ်လျှောက်အသက်ပေးဆပ်ခဲ့ကြသောအစဉ်အဆက်သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အဆင့်ဆင့်သော အာဇာနည်များ အားဂုဏ်ပြု လေးစားသောအားဖြင့် ၁၉၇၅ သြဂုတ်၁၀ရက်ကို ကချင့်အာဇာနည်နေ့အဖြစ် သတ်မှတ် ဂါရ၀ပြု ခြင်းဖြစ်သည်ဟုဆိုသည်။

ကချင့်အာဇာနည်နေ့သို့ NLD သဝဏ်လွှာပေးပို့
ကချင့်အာဇာနည်နေ့သို့ NLD သဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းသည် ကချင်ပြည်သူလူထု အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာပြည်ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရး လမ်းခရီး အတွက်လည်း များစွာထိခိုက်နစ်နာခဲ့ရကြောင်း NLD ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ကချင်အာဇာနည်နေ့သည် ကချင်တိုင်းရင်းသားအားလုံးအတွက်သာမက မြန်မာပြည်သူတို့အတွက် ဝမ်းနည်း အောက်မေ့ဖွယ်နေ့တစ်နေ့ ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ကချင်လူထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ရသလို လေးစားဂုဏ်ပြုလျှက်ရှိကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) စတင်တည်ထောင်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လထော်ဇော်ဆိုင်း အပါအဝင် ခေါင်းဆောင်များသည် ၁၉၇၅ ဩဂုတ် ၆ရက်က ထိုင်းနယ်စပ် တစ်နေရာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ၍ ကျဆုံးခဲ့ရပြီး ကျဆုံးမှုကို ဩဂုတ် ၁၀ရက်၌ အတည်ပြုနိုင်ခဲ့သည်ဟုဆိုသည်။ ထိုနေ့ကို ကချင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။