Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကြောင်းထိုးပစ်ခတ်နေ၍ စစ်ကြောင်းဦးတည်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(သြဂုတ် ၁၃ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့နယ် အတွင်းရှိ လက်လှုပ်ရွာ၊မူးသစ်ရွာတို့ကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် မိချောင်းအိုင်၊ဖုတ္ထန်းတောကျေးရွာ အနီးမှ ဖြတ်၍ လက်ခုပ်ပင် မြောက်အင်း ကျောင်းသို့ရောက်ရှိလာကြောင်း၊ လက်နက်ကြီး၊လက်နတ်ငယ်များဖြင့် အနီးတဝိုက် လှည့်ပတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရွာများနှင့်အနီးရှိ ရွှေတိုက်ရွာ၊ ဟင်္သာ၊အုပ်ရှင်းကြီး စသည့်ကျေးရွာများက ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၃ရက်မှစတင်ကာ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုး​ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ ဒေသခံ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ (၃၀) ကျော်မှ ပြည်သူ့နေအိမ် ၁,၅၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

Facebook